Professional Authors

`ဖား´ သားစားသူများ (မိုးထက်အောင်)

ဒီဘ၀ထဲ ညတွေလည်းတာကျိုးတယ်
ထိန်းမနိုင်သိမ်းမရ
ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်ရင်း
ကိုယ့်အမြီး ကိုယ်ပြန်ရှာ
(ကူညီပေးကြပါ….)
ကျွန်တော့်ကြောင်လေး အမြီးပျောက်နေတယ်
ဒိန်ခဲလည်းကြွက်ဆွဲလို့ ကုန်ပြီ
ထန်းရည်ခွက်လေးတွေကိုယ်စီနဲ့ 
ကျွန်တော့်ခြံထဲကပါတီပွဲလေး လူစည်တယ်
ဒါတွေကဒီလိုနဲ့ ပဲလုံးလည်ထွေးလိုက်
လူငယ်တစ်ယောက်ရဲ့အိမ်မက်
လက်ဝါးတစ်ဖက်ပဲအကယ်ဒမီရလိုက်တယ်
ဖြောင်းးးးးးးးကနဲ
နည်းနည်း နည်းနည်း နည်းနည်းလျှော့
(ကျွန်တော်ပြောပါတယ်….)
ဒါတွေကဒီလိုပဲ လုံးလည်ထွေးလိုက်ပါဆို
နည်းနည်းတော့ကတိုက်ကရိုက်ဆန်တယ်
သြဇီကယောက်ဖ ဟော်လန်ကယောက္ခမ
ကိုလံဘီယာကမိန်းမနဲ့  မြန်မာပြည်ကကျွန်တော်
တောင်အာဖရိကမှာသွားဆုံသလိုမျိုး
ဘောလုံးပွဲတွေကလည်း နာကျင်အချိန်ပိုမှဂိုးသွင်းတယ်
ဒီအချိုးတွေနဲ့ ဒီအရိုးတွေရင့်ခဲ့ပြီ
ရေတွင်းလေးကကျဉ်းပါတယ်
အဲဒီ့ဖားတွေအကုန်ထုတ်
ချက်ပြုတ်ပြီး ထန်းရည်နဲ့ အမြည်းလုပ်ကြရအောင်
(သြော်.….ကျွန်တော်ပြောပါတယ်)
ဒိန်ခဲတွေလည်းကြွက်ဆွဲလို့ ကုန်နေပါပြီဆို
အဲဒီ့ရေတွင်းထဲကဖားတွေနဲ့ ပဲ……….
………………………………………………………။                           ။

                                                                  မိုးထက်အောင်

In: ကဗျာ Posted By: Date: Jan 27, 2011
Comment #1

ကျွန်တော်လည်း နှစ်ပါးသွားနေတယ် ကိုမိုးထက်…………. အမြဲအားပေးနေတယ်ဗျာ

Comment #2

ဖားကြိုက်တယ်ထင်တယ်…..

commentinfo By: အသဲကွဲမိုး at Jan 27, 2011
Comment #3

အင်း….ရေတွင်းထဲကဖားတွေပဲချက်စားချင်တာ
ကျန်တဲ့ဖားတွေကတော့ ဘေးမဲ့

commentinfo By: moehtetaung18 at Jan 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment