Professional Authors

ဖော်ကွဲငှက်

မာကျူရီမီးလုံးအောက်မှာ
ခံစားချက်တွေထွေးထုတ်
ဂျစ်ပစီခွေးတစ်အုပ်ပျော်နေကြလေရဲ့ …..

လမ်းဘေးလက်ဖက်ရည်ဆိုင်မှာတော့
မန်ယူ ဂိုးသွင်းလိုက်လို့
သြဘာပေးအော်ဟစ်သံတွေ…

အဆောင်မှာ “အမေ့အိမ်” သီချင်းဆိုညည်းရင်း
လမ်းပျောက်နေတဲ့ကောင်လေးတစ်ယောက်
လရောင်ရိပ်ပြန်ခိုလှုံချင်လို့တဲ့
အမှောင်ကနေရုန်းထွက်
ပုံရိပ်တွေရှာကြည့်ရင်း ချွေးသိပ်နေလေရဲ့ …..

In: ကဗျာ Posted By: Date: Mar 29, 2012
Comment #1

i like the title,

commentinfo By: ei lay at Mar 29, 2012
Comment #2

ရသကိုပေါ်လွင်တယ်ဗျာ…

commentinfo By: Ko Phyo at Mar 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment