Professional Authors

ခပ်ဆတ်ဆတ် ကြေမွသွားခြင်း………(မိုးထက်အောင်)

ခပ်ဆတ်ဆတ် ကြေမွသွားခြင်း………..

လာပါ…..နားပါ…..သွားပါ
အပင်အို အရိပ်မကောင်းပေမယ့်
အရင်လို အတိတ်ဟောင်းကိုတော့ တ,မိတယ်

(သဇင်တွေ ပွင့်ဖူးပြီ…….)
တပ်တော်ဦးမှာဝေတဲ့နှင်းကတော့ အေးစက်စက်
ဒိုင်းတစ်ဖက် ဓါးတစ်ဖက်နဲ့ 
အလံဖြူပြတဲ့လက်ကို ကြတ်ခြေခတ်သွားတယ်

(လာပါကွာ…….လို့  တွဲခေါ်မနေစမ်းပါနဲ့ )
ငါမမူးသေးပါဘူး သူငယ်ချင်းရယ်……
………………………………………………………….
(ပင်ကျရည်တစ်ခွက်နဲ့ )
ဘ၀ကို အေးတိအေးစက်ဖြတ်သန်းပစ်တာပဲကောင်းပါတယ်

ဂျစ်ပစီတေးသွားနဲ့  အဝေးကမြက်ရိုင်းတွေ
တိမ်တွေလည်း ခပ်မှိုင်းမှိုင်းလေးငိုချ
အပယ်ခံလူတစ်ယောက်က အိမ်မက်နဲ့ မထိုက်တန်ခဲ့ဘူးလေ
(ဒါကလည်း ရင်ကွဲခန်းရဲ့သဲလွန်စ…….)
အကြိမ်ကြိမ် ပြောပြမနေချင်တော့ဘူး

အကြွေအနွမ်းတွေနဲ့ ……
ရေကုန်ရေခမ်း ကျွန်တော်လွမ်းနေခဲ့ပါတယ်ဗျာ
(မယုံကြည်ပေးပါနဲ့ ……)
မိရိုးဖလာစွဲနေတဲ့သံသယတွေအတွက်
ဒီကောင်ပဲကြေမွခံပေးပါ့မယ်

လာနိုင်ပါတယ်……နားနိုင်ပါတယ်…..သွားနိုင်ပါတယ်ဗျာ
ဒီအပင်အို အရိပ်မကောင်းပေမယ့်
ဟိုအရင်လို အတိတ်ဟောင်းကို တ,နေမိတာတော့
ခွင့်……လွှတ်……..ပါ………….
…………………………………………………………………..။                   ။

                                                                              မိုးထက်အောင်

In: ကဗျာ Posted By: Date: Dec 4, 2013
Comment #1

လာပါ နားပါ သွားပါ 🙂

commentinfo By: မာန်​ခက်​ဝင့်ဲ at Dec 5, 2013
Comment #2

အကြွေအနွမ်းတွေနဲ့ ……
ရေကုန်ရေခမ်း ကျွန်တော်လွမ်းနေခဲ့ပါတယ်ဗျာ
(မယုံကြည်ပေးပါနဲ့ ……)
မိရိုးဖလာစွဲနေတဲ့သံသယတွေအတွက်
ဒီကောင်ပဲကြေမွခံပေးပါ့မယ်
………………
ပြောင်မြောက်လှစွာသော ဖွဲ့ဆိုချက်များ
ကောင်းလိုက်တာ……….အားပေးသွားပါတယ်

commentinfo By: နွေ at Dec 5, 2013
Comment #3

super like. brother.

commentinfo By: moezat at Dec 10, 2013
Comment #4

ကျေးဇူးတင်ပါတယ်……

commentinfo By: moehtetaung18 at Dec 11, 2013
Comment #5

အကြွေအနွမ်းတွေနဲ့ ……
ရေကုန်ရေခမ်း ကျွန်တော်လွမ်းနေခဲ့ပါတယ်ဗျာ
(မယုံကြည်ပေးပါနဲ့ ……)
မိရိုးဖလာစွဲနေတဲ့သံသယတွေအတွက်
ဒီကောင်ပဲကြေမွခံပေးပါ့မယ်

လာနိုင်ပါတယ်……နားနိုင်ပါတယ်…..သွားနိုင်ပါတယ်ဗျာ
ဒီအပင်အို အရိပ်မကောင်းပေမယ့်
ဟိုအရင်လို အတိတ်ဟောင်းကို တ,နေမိတာတော့
ခွင့်……လွှတ်……..ပါ………….
…………………………………………………………………..။ ။

အတော် ရေးတတ်တဲ့ သူ

commentinfo By: အသဲကွဲမိုး at Dec 18, 2013
Comment #6

အလံဖြူပြတဲ့လက်ကို ကြတ်ခြေခတ်သွားတယ်

(ဟေးးးးး ညီမလေးနာမည်ထည့်ရေးပေးတယ်)

commentinfo By: ကြက်ခြေခတ် X at Dec 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment