Professional Authors

အရာအားလုံး လှုပ်လှုပ် လှုပ်လှုပ်

ကမ္ဘာကြီးကလည်း ခပ်လှုပ်လှုပ်
မြန်မာ ပြည်က လည်း လှုပ်လှုပ်
ရေတွေကလည်း လှုပ်လှုပ်
လေတွေကလည်း လှုပ်လှုပ်
မြေတွေကလည်း လှုပ်လှုပ်
သစ်ပင်တွေ လှုပ်လှုပ်
သစ်ရွက်တွေ လှုပ်လှုပ်
တရိစ္ဆာန်တွေ လှုပ်လှုပ်
လူတွေ လှုပ်လှုပ်
စိတ်တွေကလည်း လှုပ်လှုပ်
အကျင့် သီလတွေကလည်း လှုပ်လှုပ်
ရိုးသားမှုကလည်း လှုပ်လှုပ်
အမှန်တရားကလည်း လှုပ်လှုပ်
ကောင်မလေးလည်း လှုပ်လှုပ်
ကျွန်တော်ကလည်း လှုပ်လှုပ်
အချစ်ကလည်း လှုပ်လှုပ်
အမုန်းကလည်း လှုပ်လှုပ်
ဒီကနေ့လည်း ခပ်လှုပ်လှုပ်
မနက်ဖြန်လည်း ခပ်လှုပ်လှုပ်
ခပ်သုတ်သုတ်သွား
ခပ်သုတ်သုတ်စားလို့
ဘယ်အရာကများ..တည်တည်ငြိမ်ငြိမ် ရှိလဲ..။

ဒေါ သကလည်း လှုပ်တယ်
မောဟ ကလည်း လှုပ်တယ်
မေတ္တာကလည်း လှုပ်တယ်
သစ္စာကလည်း လှုပ်တယ်.။

တည်ငြိမ် ငြိမ်းချမ်း မှုများ.သေဆုံးကာလဆိုတော့
စီပွားရေး အလှုပ် မှာ
ကိုယ့်အိမ်ဈေးဖိုးကလေး လှုပ်သွားမှာကို ကြောက်တယ်.။

အငွေ့

In: ကဗျာ Posted By: Date: Jul 29, 2010
Comment #1

မျက်ခုံး ခပ်လှုပ်လှုပ်နဲ့ ဖတ်သွားတယ် 😛
နောက်တာပါ.. (:
သဘာဝတွေကို သဘာဝကျကျ ရေးထားတဲ့ ကဗျာလေးပါ..
ကြိုက်၏။ (:

commentinfo By: ဖြိုးဖြိုး at Jul 29, 2010
Comment #2

ကောင်မလေးလည်း လှုပ်လှုပ်
ကျွန်တော်ကလည်း လှုပ်လှုပ်
အဲ့နှစ်ကြောင်းကလွဲရင် ကျန်တာအကုန်နားလည်ပါတယ်
ကလောင်ရှင်အငွေ့ ခညာ
နောက်ရှို အဲ့လို ခရေးတွေ နားမလည်နိုင်မယ့် စာသားတွေရှောင်ရေးပေးစေလိုပါတယ် ( just kidding)
ကဗျာက လောကမှာဖြစ်ခဲ့ပြီးတဲ့ ၊ ဖြစ်ခဲ့တဲ့ ၊ ဖြစ်နေဆဲဖြစ်တဲ့ အရာတော်တော်များများကို ညွှန်းထားတာဘဲဗျ
ကဗျာကောင်းတစ်ပုဒ်ပါ
သူများကဗျာမျက်နှာပေါ်မှာ လာရောက်ပေါသလိုဖြစ်သွားရင် တောင်းပန်ပါတယ်
စာဖတ်သူကို ပျော်စေချင်တဲ့သဘောနဲ့ နောက်လိုက်ခြင်းသက်သက်ပါ ။

commentinfo By: X - ray at Jan 15, 2012
Comment #3

kwi,,kwi,,,
daw daw ko hluke naing de naw.

commentinfo By: ei lay at Jan 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment