Professional Authors

ဒဏ်ရာမကျက်သေးတဲ့ မြို့  (မိုးထက်အောင်)

ဒဏ်ရာမကျက်သေးတဲ့ မြို့ 

နှင်းအကြွေပွင့်တွေလိုက်ကောက်ရင်း ဘ၀ရဲ့ငြိမ်းအေးမှုကိုရှာ

နတ်ရိုင်းတစ်ကောင်ရဲ့နားခိုရာဟာ ဟိုးရှေ့ ကရေသဖန်းပင်ကြီးလည်းဖြစ်နိုင်တယ်

(ဒါမှမဟုတ်……………………..)

အလင်းမဲ့ ဇရပ်ပျက်တစ်ခုလည်းဖြစ်နိုင်တယ်

စောင်းကြိုးအပြတ်ကို ရစ်ပတ်ခဲ့တဲ့လက်တွေလည်းကွဲအက်

မာရ်နတ်ရဲ့လက်မှာမှ ဘ၀တစ်ခုလုံး ၀,ကွက်အပ်ထားခဲ့ရတယ်

ဘာပဲပြောပြော ဒီနှစ်ဆောင်းက ဟိုးအရင်အိမ်မက်ဟောင်းကိုတူးဆွနေဆဲ

(ကျွန်တော်မပြောဘူးလား…………….)

မြောက်လေနည်းနည်းအေးလာပါတယ်လို့ 

ပျော်စေပျက်စေ အကျီစားခံလိုက်ရတဲ့ရင်ဘတ်လည်းကြေမွ

ဘ၀ဆိုတာ အိပ်ရာဝင်တေးတစ်ပုဒ်လောက်တောင်နားထောင်မကောင်းခဲ့ပါဘူးမေမေ

အိပ်တန်းပြန် ငှက်တစ်အုပ်နဲ့ အတူကျွန်တော်နေ၀င်လိုက်တော့မယ်

တစ်ဘ၀လုံး အလင်းမဲ့မှောင်နေပါရစေတော့………..

(ကျွန်တော်ပြောခဲ့ဖူးပါတယ်ဗျာ………….)

မြောက်လေနည်းနည်အေးလာပါတယ်လို့ ………..

…………………………………………………………………………………………………………

ဘာပဲပြောပြော ဒီနှစ်ဆောင်းက ဟိုးအရင်အိမ်မက်ဟောင်းကို ပြန်လည်တူးဆွနေဆဲပဲလေဗျာ……..။

မိုးထက်အောင်

In: ကဗျာ Posted By: Date: Nov 24, 2011
Comment #1

ဘာပဲပြောပြော ဒီနှစ်ဆောင်းက ဟိုးအရင်အိမ်မက်ဟောင်းကို ပြန်လည်တူးဆွနေဆဲပဲလေဗျာ……..။

Comment #2

ပျော်စေပျက်စေ အကျီစားခံလိုက်ရတဲ့ရင်ဘတ်လည်းကြေမွ
ဘ၀ဆိုတာ အိပ်ရာဝင်တေးတစ်ပုဒ်လောက်တောင်နားထောင်မကောင်းခဲ့ပါဘူးမေမေ

commentinfo By: ဆည်းဆာ at Nov 24, 2011
Comment #3

ဟုတ်ကဲ့ပါဗျာ……..
လုလင်ငယ်သွေးနဲ့  ဆည်းဆာ ကျေးဇူးအများကြီးတင်ပါတယ်။

commentinfo By: moehtetaung18 at Nov 25, 2011
Comment #4

အိပ်တန်းပြန် ငှက်တစ်အုပ်နဲ့ အတူကျွန်တော်နေ၀င်လိုက်တော့မယ်

တစ်ဘ၀လုံး အလင်းမဲ့မှောင်နေပါရစေတော့………..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 25, 2011
Comment #5

မိုက်တယ်ဗျ…အရေးအသားကိုလေးစားပါတယ်

commentinfo By: တက်ခေတ် at Nov 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment