Professional Authors

မသိကိန်းနဲ့အချစ်

မင်းအချစ်ကို..

ပုစ္ဆာတစ်ပုဒ်လို့ထင်မထားခဲ့ဘူး

မသိကိန်းတစ်ခုအတွက် အဖြေရှာဖို့လဲ

ငါမကြိုးစားခဲ့ဘူး….

လိုချင်တဲ့အဖြေထွက်လာဖို့

ပုံသေနည်းတွေလဲငါ့မှာမရှိဘူး….

မညီမျှခြင်းတစ်ခုရဲ့နောက်ကွယ်က

တစ်ဖက်သတ်ရက်စက်ခြင်းတွေ

လျော့သွားစေဖို့ အစားလက္ခဏာမတွေ့ခဲ့ဘူး..

စောင့်နေဦးမယ်..

ဝေဒနာတွေကို ထပ်တိုးကိန်းတင်ပြီးတော့

ရလာမယ့်အဖြေတစ်ခုအတွက်

ရင်ခုန်သံတွေရပ်တန့်ထားမယ်

ရလဒ်မှာထည့်ဖို့

အပေါင်းနဲ့အနုတ်ဆိုတဲ့လက္ခာနှစ်ခုကြားမှာ

ကွာဟချက်ကသိပ်ကြီးလွန်းတယ်ဆိုတာ

မင်းတစ်ယောက်သတိပြုမိဖို့သင့်ပါတယ်နော်……

In: ကဗျာ Posted By: Date: Jan 25, 2011
Comment #1

နာမည်ဆန်းတဲ့ကဗျာဆရာရဲ့ကဗျာလေးကိုအားပေးသွားတယ်နော်

commentinfo By: ဇလပ်ဖြူ at Jan 25, 2011
Comment #2

အားပေးသွားပါတယ်… ဒသေ၇.

commentinfo By: genius.jinx28 at Jan 25, 2011
Comment #3

ကိုလွမ်းနောင်ရဲ့ကဗျာတွေကကောင်းတယ်

commentinfo By: (ကာရံချို)သူ at Jan 31, 2011
Comment #4

ပြောရရင် နာမည်ကြောင့် ဖတ်ဖြစ်သွားတာပါ…
ဒါပေမယ့် ကဗျာလေးတွေကလည်း ကောင်းနေတော့ …..

commentinfo By: နှိုင်းခ at Feb 19, 2011
Comment #5

ကျေးဇူးပါပဲဗျာ

commentinfo By: လွမ်းနောင် at Feb 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment