Professional Authors

ဇာတ်ညွန်းမရှိတဲ့ ပြဇာတ်

မင်းစိတ်ကြိုက်ခံစားနိုင်ဖို့
ဒီကဗျာမှာ ကာရံမပါခဲ့ဘူး…….
မင်းသဘောကျဆိုညဉ်းနိုင်ဖို့
ငါ့နှလုံးသားမှာ သံစဉ်မပါခဲ့ဘူး……….
မင်းအလိုကျ ဇာတ်သိမ်းနိုင်ဖို့
ဒီဇာတ်လမ်းမှာ ဇာတ်ညွှန်းမရှိခဲ့ဘူး………….
အရာရာမင်းသဘောပဲ..
ငါမင်းကိုချစ်တာ ရယူခြင်းတွေမပါခဲ့ဘူး…….
ရင်ခွင်ဗလာမှာ ခိုလှုံဖို့မရဲတဲ့မင်းကို
စိတ်နာတယ်ဆိုတာလဲမရှိခဲ့ဘူး……….
ဒဏ်ရာတွေချည်းပဲမင်းပေးခဲ့လည်း
နာကျင်ခြင်းဆိုတာ မသိတတ်ခဲ့ဘူး……….
ဘာကိုမှသိဖို့မကြိုးစားခဲ့ဘူး..
မင်းရှိနေရင်ပြည့်စုံတယ်
မင်းပြုံးနေရင်ကျေနပ်တယ်
မင်းပျော်မယ်ဆိုရင်
အရာအားလုံးငါရင်းရဲတယ်….
ဘာကိုမှမျှော်လင့်မထားဘူး
မင်းထားရာမှာနေ မင်းကြိုးဆွဲရာကမယ်
ဇာတ်သိမ်းခန်းမှာတော့
ငါ့အတွက်..
အကြင်နာအပြုံးလေးတစ်ခုတော့
လိုချင်မိတယ်………….။             ။

In: ကဗျာ Posted By: Date: Jul 21, 2011
Comment #1

မင်းစိတ်ကြိုက်ခံစားနိုင်ဖို့
ဒီကဗျာမှာ ကာရံမပါခဲ့ဘူး…….
မင်းသဘောကျဆိုညဉ်းနိုင်ဖို့
ငါ့နှလုံးသားမှာ သံစဉ်မပါခဲ့ဘူး………..
heart …ထိတယ်

commentinfo By: အသဲကွဲမိုး at Jul 22, 2011
Comment #2

မင်းရှိနေရင်ပြည့်စုံတယ်
မင်းပြုံးနေရင်ကျေနပ်တယ်
မင်းပျော်မယ်ဆိုရင်
အရာအားလုံးငါရင်းရဲတယ်….
ဘာကိုမှမျှော်လင့်မထားဘူး
မင်းထားရာမှာနေ မင်းကြိုးဆွဲရာကမယ်
ဇာတ်သိမ်းခန်းမှာတော့….။

Comment #3

မင်းစိတ်ကြိုက်ခံစားနိုင်ဖို့
ဒီကဗျာမှာ ကာရံမပါခဲ့ဘူး…….
မင်းသဘောကျဆိုညဉ်းနိုင်ဖို့
ငါ့နှလုံးသားမှာ သံစဉ်မပါခဲ့ဘူး……….
မင်းအလိုကျ ဇာတ်သိမ်းနိုင်ဖို့
ဒီဇာတ်လမ်းမှာ ဇာတ်ညွှန်းမရှိခဲ့ဘူး………….
အရာရာမင်းသဘောပဲ..
ကိုလွမ်းနောင်….ကြိုက်တယ်ဗျာ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 22, 2011
Comment #4

ဇာတ်သိမ်းခန်းမှာတော့
ငါ့အတွက်..
အကြင်နာအပြုံးလေးတစ်ခုတော့
လိုချင်မိတယ်………….။ ကိုလွမ်းနောင်ရေ …
ရေးလိုက်ရင်အနှစ်တွေပဲ .. ကြိုက်တယ်ဗျာ … 😛

commentinfo By: chityellusoelay at Aug 20, 2011
Comment #5

heart hti de kwar.
a yan chit tat tar pe naw.

commentinfo By: ei lay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment