Professional Authors

ရပ်

ဒီလိုပဲ
ရပ်တန့်နေချင်တယ်
နာရီတွေရဲ့ခရီးသွားခြင်းကို
မသိလိုက်သလိုပေါ့

ဒီလိုပဲ
ရပ်တန့်သွားချင်တယ်
နင့်ကို ငါ
ချစ်သွားမှန်းမသိလိုက်သလိုပေါ့

ဒီလိုပဲ
ရပ်တန့်လိုက်ချင်တယ်
မျှော်လင့်ချက်တွေ မထားခဲ့မိသလိုပေါ့

ဒီလိုပဲ
ရပ်တန့်သွားချင်တယ်
နင် ငါ့ကို
တကယ်မချစ်ခဲ့မှန်း
မသိလိုက်ခဲ့သလိုပေါ့

In: ကဗျာ Posted By: Date: Nov 3, 2012
Comment #1

:'(
:'(
:'(

commentinfo By: ei lay at Nov 4, 2012
Comment #2

ဘာပြောတာလဲဟင်

commentinfo By: မေပျို at Nov 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment