Professional Authors

စိတ်ပြောင်းစိတ်လွှဲ

ငါ့မှာ..
မပျော်စရာတွေများလာရင်
အချိန်တွေအကြောင်းကိုခဏမေ့ထားမယ်
မနေ့ကရခဲ့တဲ့အချိန်တချို့ထဲက
ပျော်စရာအကြောင်းကို
စိတ်တင်းတင်းနဲ့ဆွဲထုတ်မယ်

တကယ်လို့…..

ငါတို့မှာ…..
ဆုံတွေ့ခွင့်တွေရှားပါးတော့မယ်ဆို
မနက်ဖြန်အကြောင်းကိုခဏမေ့ထားမယ်
ရခဲ့တဲ့ဆုံတွေ့ခွင့်တွေထဲမှာမျောမယ်

အချစ်အကြောင်းခဏခဏမပြောချင်ဘူး

ယဉ်ယဉ်လေးပဲရူးချင်တယ်…..။။

အမရာ

In: ကဗျာ Posted By: Date: Jun 12, 2010
Comment #1

ဆုံတွေ့ခွင့်တွေရှားပါးတော့မယ်ဆို
မနက်ဖြန်အကြောင်းကိုခဏမေ့ထားမယ်…………။

commentinfo By: ပုထုဇ၁ု at Jun 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment