Professional Authors

ညည်းတွားခြင်း

အနံ့အသက်ထွက်နေတဲ့

လူ့အဖွဲ့အစည်းကြားက

လူတယောက်အဖြစ်က

ငါ့အတွက်တော့

ဇာတ်နိမ့်ခြင်းပါပဲ။

ဂရုမစိုက်ကြပါနဲ့

ငါဘာပဲဖြစ်ဖြစ်လေ

ကန့်လန့်တိုက်ချင်တဲ့ငါ့ကို

တရွဲ့တစောင်းထားခဲ့လို့စိတ်မဆိုးပါဘူး

တခါတရံမှာ

အားပေးနှစ်သိမ့်မှုတွေက

စူးရှတဲ့ဓားချက်တွေလိုပါပဲ

ဟန်ဆောင်ချိုသာမယ့်အစား

ပျစ်ပျစ်နှစ်နှစ်ဝေဖန်လိုက်စမ်းပါ

လက်ခံထားရသမျှငါ့အသက်နဲ့ငါ့ခန္ဒာ

အတ္တခြုံလွှာအောက်ကငါ့ကိုယ်ငါ

တခါတခါတော့စိတ်နာတယ်။            ။

In: ကဗျာ Posted By: Date: Jan 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment