Professional Authors

ရင်ဖွင့်ပြခြင်း

  နွေဦးမှာ
ဟိုဟိုဒီဒီ လျှောက်ပြေးနေတဲ့ လေရူးကြောင့်
ရွက်ကြွေရဲ့ အနစ္စသဘောကို
ဘယ်သူမှ အမှိုက်ရှုပ်တယ်လို့
  မမြင်ဘူး ။ ( ငေးကြည့်ရင်းနဲ့ )
လွမ်းမောစရာပါပဲတဲ့ ။
  သူတို့တွေ
ကွန်ဒိုမီဒီယံပေါ်တက်
‘ Made in Myanmar ‘ မဟုတ်တဲ့ဟာတွေ စီးပြီး
လက်ညှိုးထိုးစေခိုင်းနေတာကို
အလုပ်ရှုပ်ပါတယ်လို့
ဘယ်ကောင်မှ ( ခပ်ကျယ်ကျယ် )
  မပြောရဲဘူး ။
တိုးတက်ပါစေတဲ့ ။
  သိပ်ချစ်တဲ့ အကြောင်းတွေ မပြောရဲလို့
ကိုယ့်ပါးစပ်ကို ပိတ်ရိုက်ပြီး
တိုးတိုးတိတ်တိတ်ပဲ ကြိတ်ချစ်နေရတဲ့ ငါ့ကို
မိုးက ( ဘယ်တော့မှ )
  သိမှာမဟုတ်ပါဘူး ။ 
ကျွန်တော်ဟာ လူပိုလေးတစ်ယောက် မို့ပါ ။ ( ၃.၁၂.၂၀၀၈ )

      အားပေးကြတဲ့ နောင်တော် ၊ အစ်မတော် အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။
           

In: ကဗျာ Posted By: Date: Feb 21, 2012
Comment #1

လူပို……….

commentinfo By: SoFarAwayFromU at Feb 21, 2012
Comment #2

kwi,,kwi,,
ma ti say chin loh toe toe tate tate kyate loak dar de ,,,
ma ti ya kaung lar so p dot le a pyit shar chin tay de,,,
lu yar ma twin chin tar loh sut swe p sate kauk de,,
tat le tat naing kya par pay de,

commentinfo By: ei lay at Feb 21, 2012
Comment #3

သိပ်ချစ်တဲ့ အကြောင်းတွေ မပြောရဲလို့
ကိုယ့်ပါးစပ်ကို ပိတ်ရိုက်ပြီး
တိုးတိုးတိတ်တိတ်ပဲ ကြိတ်ချစ်နေရတဲ့ ငါ့ကို
မိုးက ( ဘယ်တော့မှ )
သိမှာမဟုတ်ပါဘူး ။

commentinfo By: kantkawmg at Feb 22, 2012
Comment #4

🙂

commentinfo By: ei lay at Nov 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment