Professional Authors

ခါးသီးခြင်း……….

စိတ်တွေကဆောက်တည်ရာမဲ့
ခုန်ပေါက်ပြေးလွှားကောင်းတုံး
အရာရာတိုင်းကိုစိတ်တိုင်းကျခွင့်မရှိဘူး
ခံစားချက်ရဲရဲတွေ
လူတကိုယ်လုံးကိုခြယ်သလို့
ရင်ဘတ်နဲ့မတူတော့တဲ့ရင်ဘတ်
နေရာလွတ်မကျန်အပ်ကြောင်းအထပ်ထပ်
ပြေးမလွတ်တဲ့စွပ်စွဲချက်တွေ
လက်ညှိုးငေါက်ငေါက်တွေ
အငြိုးတကြီးနဲ့စောင့်ကြည့်နေကြတဲ့မျက်ဝန်းနှစ်စုံ
ဘာတွေအလိုက်ပေးဖို့လိုပါသလဲ
ကောင်းခြင်းဆိုးခြင်း
ဘာကိုဘာနဲ့နှိုင်းကြမှာလဲ

လေကိုမရှုပဲလိုက်ဖမ်းမိသလိုမျိုး
မျှော်လင့်ချက်အသေတွေကို
အသက်သွင်းမိသလိုမျိုး
ဒီလိုနဲ့…………..
လူးရင်းလွန့်ရင်း
တွန့်ကြေသွားခဲ့တဲ့အိပ်ယာခင်းကို
မိုးလင်းတိုင်း
ပြန်ပြန်ဖြန့်မိရဲ့……။။။

အမရာ

In: ကဗျာ Posted By: Date: May 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment