Professional Authors

သိစေချင်တယ်

ရင်ထဲကခံစားချက်တွေကို
တဖွဲ့တနွဲ့ထုတ်မပြောတတ်တော့လည်း
ငါ့ဘက်ကစိမ်းတယ်လို့
နင်ထင်တာမမှားပါဘူး။
ဒါပေမယ့်ဟာ
စကားလုံးတွေကအပေါ်ယံပါ။
ရင်ထဲကမပါဘဲ စကားလုံးသက်သက်နဲ့တော့
လူတိုင်းလွမ်းတတ်တာပါပဲ။
တခါတရံမှာ
ရင်ထဲကလာတဲ့ခံစားချက်အစစ်တွေက
ခြင်္သေ့တကောင်က
လိုအပ်မှပဲအသံပြုသလို
နှုတ်ဆိတ်နေတတ်တယ်…….
တခုတော့သိစေချင်တယ်
မပြောဘဲရှိနေတဲ့
ငါ့ရင်ထဲကခံစားချက်တွေက
နင့်အတွက်ဆို
အမြဲတမ်းဖူးပွင့်လတ်ဆတ်နေတယ်ဆိုတာ……………..။                               ။

In: ကဗျာ Posted By: Date: Mar 19, 2011
Comment #1

စကားလုံးတွေကအပေါ်ယံပါ။
ရင်ထဲကမပါဘဲ စကားလုံးသက်သက်နဲ့တော့
လူတိုင်းလွမ်းတတ်တာပါပဲ။

Comment #2

ရင်ထဲကမပါဘဲ စကားလုံးသက်သက်နဲ့တော့
လူတိုင်းလွမ်းတတ်တာပါပဲ။
အားပေးနေပါတယ်
စုနိုင်

commentinfo By: genius.jinx28 at Mar 20, 2011
Comment #3

wow,,,
really?
heart hti twar p.
😛

commentinfo By: ei lay at Jun 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment