Professional Authors

စည်းအပြင်ဘက်မှတွေးခေါ်ခြင်း

ကျေးဇူးပြုပြီး.. အလင်းရှိရာ. လမ်းပြပေးကြပါ…

လက်တစ်ဆုပ်စာ အလင်းမှုန်များကြား…

ကွမ်းတယာညက် စာ အိမ်မက်များကြား

လင်းကြက်တွန်မှ အိပ်ယာဝင်နေရသူတစ်ယောက်မို.ပါ...

ကျေးဇူးပြုပြီး နားထောင်ပေးကြပါ

ဆွံ.အတစ်ယောက်ရဲ. စကားပြောသံကြား

တိတ်ဆိတ်ခြင်းရဲ.သံစဉ်များကြား

တစ်ဖက်အိမ်က မီးရောင်ကိုမြင်ဖို.အတွက်

ငါရဲ. အိမ်ကလေးကို အမှောင်ချထားရသူပါ….

ကျေးဇူးပြုပြီး လက်ခုပ်လက်ဝါးတီးပြီး အားပေးကြပါ…

မိုက်လုံးကြီးခဲ.သော လိမ္မာမှု.များကြား

အတောမသတ်နိုင်သော မှန်ခြင်း၊မှားခြင်း နိယာမများကြား

ဦးနှောက်တစ်လုံးနှင်. အကျွမ်းမ၀င်သေးသူပါ

ခံစားချက်က လွဲပြီး ဘာမှအယုံကြည်မရှိတဲ.

ပေါမိုက်တေလေ ငပေ တစ်ယောက်ဖြစ်တဲ.ငါ ….

နောက်ကျောနားက မျှော်.လင်.ခြင်းကို လိုက်လံရှာဖွေဆဲပါ….

In: ကဗျာ Posted By: Date: May 3, 2013
Comment #1

*_*

commentinfo By: မေပျို at May 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment