Professional Authors

သေချာခြင်း

ရည်ရွယ်ချက်ရှိရှိ
လမ်းတွေဖောက်အပြီးမှာ
ပန်းတိုင်တစ်မျိုးတည်းဆီရောက်ခဲ့ ကြသလို
မနှစ်မြို့ စရာအကောင်းဆုံးက
ချစ်ခြင်းမုန်းခြင်းအကြောင်းတွေနဲ့ 
ငါ တို့ ခန္ဒာငါးပါးရဲ့ ယုတ်လျော့ 
ပြောင်းလဲမှု့ သဘော
သေရေးရှင်ရေးတွေနဲ့ 
ငါတို့ ဘ၀နေနည်းကို
ပုံစံအမျိုးမျိုးနဲ့ ဈေးဆစ်
အဲ့ ဒီရဲ့ ဟိုမှာဖတ်ကိုရောက်တော့ 
ဖွဲ့ စည်းတည်ဆောက်မရတော့ တဲ့ 
ပြောင်းလဲခြင်းနောက်ကို
အင်တင်တင်လိုက်ခဲ့ ရ
ဒါဟာငါတို့ ရဲ့ 
မူပိုင်ပန်းချီကာတစ်ချပ်ရဲ့ 
ရောင်ပြန်ထင်ဟပ်ခြင်းပံရိပ်နဲ့ 
အဲ့ ဒီမှာငါတို့ ဘာကိုထုဆစ်မလဲ

                             မင်းလူန

In: ကဗျာ Posted By: Date: Jan 21, 2011
Comment #1

ငါတို့ ဘ၀နေနည်းကို
ပုံစံအမျိုးမျိုးနဲ့ ဈေးဆစ်
အဲ့ ဒီရဲ့ ဟိုမှာဖတ်ကိုရောက်တော့ 
ဖွဲ့ စည်းတည်ဆောက်မရတော့ တဲ့ 
ပြောင်းလဲခြင်းနောက်ကို
အင်တင်တင်လိုက်ခဲ့ ရ
……….
ကိုမင်းလူန..ကောင်းတယ်….အားပေးနေတယ်

commentinfo By: အသဲကွဲမိုး at Jan 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment