Professional Authors

တိုင်းရွှေပြည်တော်

ခေါင်းစားတယ် ခေါင်းစားတယ် ခေါင်းစားတယ်
ပြောင်းလဲမှု့တွေကတော့ ရိုးတိုးရိုးတိပ်မြင်နေရပါပြီ
တင်းကျပ်တဲ့နေထိုင်မှု့တွေနဲ့အသားကျနေတဲ့ လူ့အဖွဲအစည်း
လွတ်လပ်တဲ့စနစ်လှိုင်းမှာ အလိုက်သင့်စီးမျောဖိုဆိုတာ
သင်တန်းတွေဖွင့်လိုမရဘူး
စာအုပ်တွေဖတ်လို့မရဘူး
ဦးဆောင်သူတွေကိုယ်တိုင် ပြောင်းလဲရမှာတဲ့
ကျွန်တော်တို့ပြောင်းလဲကြပါပြီလား
ပြောင်းလဲဖို့အသင့်ဖြစ်နေပြီလား
ရှေ့ကိုလည်းမှီခဲ့သလို နောက်ကိုလည်းမှီနိုင်သေးတဲ့
ကျွန်တော်ရဲ့အဖေ
တိုးတိုး တိုးတိုးနဲ့မကြာခဏဆိုသလိုဆိုငြီးတဲ့စကား
“ ငါတို့ဘ၀မှာ ခေတ်ကာလဆိုတာ စပ်ကူးမတ်ကူးနဲ့ပဲ ကြုံနေရတာပဲကွာ ” တဲ့
သားနားလည်သလိုတော့ရှိပါပြီလေ
ပညာရေးကိုပြောင်းလဲ ၊ အုပ်ချုပ်မှု့တွေပြောင်းလဲ ၊ ……ပြောင်းလဲ ၊ ……ပြောင်းလဲ ၊
……ပြောင်းလဲ ၊ ……ပြောင်းလဲ ၊ ……ပြောင်းလဲ ၊ ……ပြောင်းလဲ ၊ ……ပြောင်းလဲ ၊
ဒါပေမယ် တကယ်ပြောင်းလဲရမယ့် လူတွေကျန်နေရစ်
လူငယ်ဆိုတာခေတ်စနစ်ရဲ့သားကောင် ၊ အစမ်းသပ်ခံတွေမဟုတ်ခဲ့ ၊
အိပ်မက်အသေတွေနဲ့ဘ၀ကိုဖန်တီး ကျွဲပါးစောင်းတီးသလိုဖြစ်ဖြစ်နေခဲ့
အနုပညာဟာ အနုပညာအတွက်ဆိုရင် အကြမ်းပညာဟာ ဘယ်သူ့အတွက်ပါလဲ
ဒီမိုကရေစီတွေရမယ် … ဒီမိုကရေစီတွေရမယ် …ဒီမိုကရေစီတွေရမယ် … ဒီမိုကရေစီတွေရမယ် …
မြောက်ဥက္ကလာမှာ ….ဒီမိုကရေစီတွေရမယ် … ဒီမိုကရေစီတွေရမယ် …
ဟိုဟိုဒီဒီနဲ့လူအုပ်တိုးလို့ဝှေ့လို့ပေါ့……
အဲဒီကတဆင့်….မြင့်သထက်မြင့်လို့ …….ငါတို့အမေလည်းလွတ်ခဲပြီ …
ရွှေပြည်တော်မျှော်တိုင်းမဝေးတောဘူးရယ်လို့ မျှော်ရည်ကာမှန်းကာတမ်းတ
လာပါတော့ FDI ရယ်………
အလုပ်သမားတွေအခြေမြင့်စေဖို့ ရေမြင့်ရင်ကြာလည်းမြင့်လောက်ပါရဲ့
ငါတို့ တိုင်းရွှေပြည်တော် ။                   ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Dec 3, 2012
Comment #1

ပြေင်းတယ်လို့တော့ ပြောကြတာပဲရှင့်

commentinfo By: မေပျို at Dec 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment