Professional Authors

တမ်းတခွင့်

မသွားသင့်ပေမယ့်…
ရှေ့ဆက်တိုးမိတဲ့..ငါ့ခြေလှမ်းတွေကြောင့်
အမှားတွေ..ဖြစ်မိတယ်
အရာရာကို အရှုံးပေး
ရယူပိုင်ဆိုင်ခွင့်ကိုတောင်လက်လွှတ်လို့
ပြန်ဆုံနိုင်ဖို့လည်း မကြိုးစားတော့ပါဘူး
ခွင့်လွှတ်ခြင်းကို..အချစ်လို့
မိုက်မဲစွာခံယူခဲ့မိပေမယ့်
စတေးခဲ့တဲ့..
ရင်ခုန်သံကို
နင်တစ်ယောက်အတွက်လို့တော့
အယူခံမ၀င်လိုတော့ပါဘူး…
နင်ရှူနေတဲ့လေကိုရှူ
နင်ရပ်တည်နေတဲ့ မြေကြီးမှာ
ရပ်တည်ရင်း
နင့်ကို တမ်းတခွင့်ရယုံလေးနဲ့
ငါကျေနပ်နေပါပြီ
ချစ်သူရယ်

In: ကဗျာ Posted By: Date: May 26, 2010
Comment #1

oh,,,,,,,,,,,,,
oh,,,,,,,,,,

commentinfo By: ei lay at Feb 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment