Professional Authors

ချစ်သူထံသို့တောင်းပန်လွှာ

ငါ့ကိုခွင့်လွှတ်ပါ
နင့်ကိုစိတ်ထားမှာအချိန်တိုင်းထားချင်ပေမယ့် နင်စိတ်ထဲရောက်နေရင်ဘာမှလုပ်မရလို့ အလုပ်ချိန်လေးမှာတော့ နင့်ကိုခဏမေ့ထားခွင့်လေးပေးပါ
ငါ့ကိုနားလည်ပေးပါ နင့်ရဲ့ဘေးမှာ အချိန်တိုင်းနေပေးချင်ပေမယ့် နင့်ရဲ့မျက်ရည်တွေကိုမြင်နေပါရက်နဲ့ လက်ပြနှုတ်ဆက်ပြီးထွက်ခွာလာခဲ့တဲ့ငါ့ကိုခွင့်လွှတ်ပါ အနာဂတ်အတွက်ရေရှည်တွေးရင်း တစ်ချိန်မှာနီးဖို့ခဏတော့ဝေးရမယ်ဆိုတဲ့အတွေးနဲ့မခွဲချင်ပဲခွဲခဲ့တာပါ
မပြန်လို့ဖြစ်ပါရက်နဲ့ပြန်သွားတာမဟုတ်ပါဘူး တစ်ချိန်မှာပြန်လာနိုင်ဖို့ တစ်ချိန်မှာထာဝရအတူရှိနိုင်ဖို့အတွက်ပြန်သွားခဲ့တာပါ
ငါတောင်းပန်ပါရစေ နေ့နေ့ညည၂၄နာရီကာလပတ်လုံးနင်နဲ့အလွမ်းပြေဖုန်းပြောချင်ပေမယ့် လူသားတစ်ယောက်ဆိုတော့လဲ ကို့တာဝန်ကိုကျေပွန်အောင်ထမ်းရွက်ရဦးမယ်လေ ငါ့ရဲ့များပြားလှတဲ့လုပ်ငန်းတွေဆောင်ရွက်ပြီးခါမှ ဖုန်းပြောနိုင်တဲ့ငါ့ကို ခွင့်လွှတ်ပေးပါ
ဖုန်းဘေလ်ကိုရေလိုမသုံးနိုင်တဲ့ငါ့ကိုတော့အပြစ်မယူလိုက်ပါနဲ့ကွာ
နှုတ်ဆက်ချိန်မှာတောင်ငိုနေတဲ့ချစ်သူကိုလိုက်မနှစ်သိမ့်ပဲ နှုတ်ဆက်စကားကိုဖောင်ဖွဲ့ပြီးမပြောပဲနဲ့ထွက်ခွာခဲ့တဲ့ ငါ့ကိုမနာကျည်းလိုက်ပါနဲငါတို့နှုတ်ဆက်ချိန်ကကြာလေ ငါ့စကားတွေများလေ နင့်ရဲ့မျက်ရည်ကလဲမိုးသည်းလေလေ ဖြစ်မှာမို့ မမြင်ရက်လို့နောက်ကျောပေးထွက်ခွာခဲ့တာပါ
အဝေးကနေပဲ နှစ်သိမ့်ပေးနိုင်တဲ့ငါ့ကိုမမုန်းလိုက်ပါနဲ့ နင်ခံစားရသမျှအတွက် တစ်ချိန်မှာ ကိုပြစ်ဒဏ်ကိုကျေကျေနပ်နပ်ခံယူရင်း နင့်ရဲ့ဘေးမှာထာဝရ အလုပ်အကျွေးပြုနေမှာမို့ အဲဒီအချိန်ထိ သည်းခံပြီးစောင့်ပေးပါကွာ…..

In: ဆောင်းပါး Posted By: Date: Jan 31, 2013
Comment #1

!_!
!_!
!_!

commentinfo By: ei lay at Jan 31, 2013
Comment #2

Hint,,,
Hint,,,
Hint,,,
🙁
🙁

commentinfo By: ei lay at Feb 2, 2013
Comment #3

Feel again.

commentinfo By: ei lay at Mar 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment