Professional Authors

အဆုံးသတ်မရှိတဲ့ ကဗျာ

လွမ်းနေရရုံနဲ့ ကျေနပ်တယ်
ကြားနေရုံလေးနဲ့ ရင်ခုန်တယ်
ကမ္ဘာခြားနေပေမယ့်
မင်းရှိနေမှု
အသိလေးနဲ့
ရှင်သန်နိုင်ဖို့ လုံလောက်ခဲ့တယ်၊၊

တကယ်ဆို
ဘာမှ မလိုအပ်ခဲ့ပါဘူး
မင်းကြည်နူးပျော် ရွှင်နေခဲ့ရင်
ဘယ်သူနဲ့ဖြစ်ဖြစ်ပါ
ငါ့နှလုံးသားကို
မင်းပျော်မွေ့ဖို့ လမ်းခင်းလိုက်ပါ့မယ်၊၊

အဖျားတက်နေတဲ့
ငါ့ကဗျာတွေနဲ့
မင်းနားကို ရောက်ဖို့မလွယ်မှန်း
ငါသိပေမယ့်
ငါ မင်းကိုချစ်တယ်၊၊

အကြိမ်ကြိမ်
မင်းရက်စက်နိုင်ပေမယ့်
ဒီလူကြီး စိတ်ပျက်သွားအောင်
မင်းမတတ်နိုင်ခဲ့တာ
ရိုးရိုးသားသားပဲ
ဝန်ခံလိုက်ပါ၊၊

In: ကဗျာ Posted By: Date: Jan 17, 2011
Comment #1

အကြိမ်ကြိမ်
မင်းရက်စက်နိုင်ပေမယ့်
ဒီလူကြီး စိတ်ပျက်သွားအောင်
မင်းမတတ်နိုင်ခဲ့တာ
ရိုးရိုးသားသားပဲ
ဝန်ခံလိုက်ပါ၊၊..။.။.။.။
ဝန်ခံလိုက်ပါတယ်….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #2

အဖျားတက်နေတဲ့
ငါ့ကဗျာတွေနဲ့
မင်းနားကို ရောက်ဖို့မလွယ်မှန်း
ငါသိပေမယ့်
ငါ မင်းကိုချစ်တယ်၊၊

commentinfo By: အသဲကွဲမိုး at Jul 22, 2011
Comment #3

wowwwwwwwwww
so much good

commentinfo By: ei lay at Feb 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment