Professional Authors

ညီမျှခြင်းရဲ့တစ်ဖက်က

ညီမျှခြင်းရဲ့တစ်ဖက်က

နင့်ကြောင့်ငါသေခြင်းတရားကို
ပိုခုံမင်လာတယ်
နင့်ကြောင့်ငါခြင်ထောင်အမိုးကို
ပိုငေးဖြစ်လာတယ်
နင့်ကြောင့်င့ါမျက်ကွင်းတွေ
ပိုညိုလာတယ်
ပျော်စရာကြီးပဲနော်…။
နင့်စကားတွေကရည်ရွယ်နေတာ
ငါမဟုတ်မှန်းငါသိတယ်
ခပ်ဝေးဝေးကိုသွားဖို့နင်လိုနေတာ
ငါမဟုတ်မှန်းငါသိတယ်
နင့်အတွက်တော့ငါဟာ
ဘာမှမဟုတ်မှန်းငါသိနေတယ်
ပျော်စရာကြီးပဲနော်…။
ရယ်တာကလည်း
ရယ်တာမဟုတ်တော့ဘူး
ပြုံးတာကလည်း
ပြုံးတာမဟုတ်တော့ဘူး
ရှင်တာကလည်း
ရှင်တာမဟုတ်တော့ဘူး
ပျော်စရာကြီးပါပဲ…။

မြေနံ့

In: ကဗျာ Posted By: Date: Jul 10, 2011
Comment #1

တွေးထားပုံက မိုက်တယ်..

commentinfo By: ဖိုးနမ်း at Jul 10, 2011
Comment #2

ညီမျှခြင်းရဲ့တစ်ဖက်က

နင့်ကြောင့်ငါသေခြင်းတရားကို
ပိုခုံမင်လာတယ်
နင့်ကြောင့်ငါခြင်ထောင်အမိုးကို
ပိုငေးဖြစ်လာတယ်
နင့်ကြောင့်င့ါမျက်ကွင်းတွေ
ပိုညိုလာတယ်
ပျော်စရာကြီးပဲနော်…။
နင့်စကားတွေကရည်ရွယ်နေတာ
ငါမဟုတ်မှန်းငါသိတယ်
ခပ်ဝေးဝေးကိုသွားဖို့နင်လိုနေတာ
ငါမဟုတ်မှန်းငါသိတယ်
နင့်အတွက်တော့ငါဟာ
ဘာမှမဟုတ်မှန်းငါသိနေတယ်
ပျော်စရာကြီးပဲနော်…။
ရယ်တာကလည်း
ရယ်တာမဟုတ်တော့ဘူး
ပြုံးတာကလည်း
ပြုံးတာမဟုတ်တော့ဘူး
ရှင်တာကလည်း
ရှင်တာမဟုတ်တော့ဘူး
ပျော်စရာကြီးပါပဲ…။

commentinfo By: အောင်ရဲသူ at Jul 11, 2011
Comment #3

ဘယ်လိုနေမလဲဟေ့

commentinfo By: shinelalin at May 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment