Professional Authors

ကမ်းလက်

ကမ်းလက်

ရိုင်းစိုင်းတဲ့ ကြမ္မာဆိုးတွေက

တံတိုင်းများ လိုကာရံကာထားခဲ့လေတော့

ရှေ့ ဆက်လျှောက်ဖို့လည်းခက်

အသက်ထက်ဆုံးထိဆိုလည်း

ဆုံးရှုံးဖို့ လမ်းကပိုများနေလေသလား။

နာကျင်ခြင်းတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့

ဟော့ဒီအပြုံးတွေက လတ်ဆတ်မယ်တဲ့လား

ရှိုက်ရှိုက် တက်လာတဲ့ ၀မ်းနည်းခြင်းတွေ

မြိုချပစ်ခဲ့ရတာလည်းအကြိမ်ကြိမ်

အဲ့ဒီလိုနဲ့ စိတ်ကူးတွေ`မူး´တယ်။

ကျူးပစ်ကိုရင်ဖွင့်မိတဲ့ညက

နှလုံးသားက သေအံ့မူးမူးနာကျင်တယ်

လရောင်ကိုနမ်းဖို့ ဘယ်လောက်ထိနာကျင်ရမှာလဲ

ချစ်ခြင်းနဲ့ပွေ့ဖက်ခဲ့တဲ့ ဟောဒီလက်နှစ်ဖက်မှာ

မျှော်လင့်ခြင်းတွေ စီဆင်းတယ်။

ဆန္ဒတစ်စုံအတွက်

ဘုရားမှာ ဦးချမိတာလဲအခါခါ

မင်းကိုချစ်တဲ့အချစ်မှာ သစ္စာတွေစူးရောက်မယ်ဆိုရင်

နံနက်ခင်းတွေ လှမှာသေချာပါတယ်

အဲ့ဒီလိုနဲ့ ငါ့ကမ်းလက်တွေ ဆတ်ဆတ်တုန်ခါနေခဲ့တယ်။

×××××××××××××××××××××

ညအလင်္ကာ(12/9/2010)

In: ကဗျာ Posted By: Date: Sep 12, 2010
Comment #1

ကမ်းမဲ့ လက်တွေ မြဲစွာနဲ့ ရဲပါစေ ငညရေ…
ကဗျာကောင်းလေးပါပဲ….

commentinfo By: မှုံရွှေရည် at Sep 12, 2010
Comment #2

really nice

commentinfo By: ei lay at Apr 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment