Professional Authors

မျှတမှုမရှိတဲ့ ရင်ခွင်၊ နွေးထွေးမှုမရှိတဲ့ မျက်နှာ – နရီထက်

ပြသနာဖြစ်မှ
မှားတယ် မှန်တယ်ဆိုတာ
အဖြေထွက်လာသလား…

ငိုတတ်မှ အနိုင်ရတတ်မှာလား
ခပ်တည်တည်နှင့် မှန်တယ်လို နေခဲ့ရင်
ရှုံးနိမ့်ခဲ့ကြသလား…

ကိုယ့်အကြိုက် ကိုယ့်စခန်း
ကောင်းတယ်လို့ မြှောက်ပေးမှ
ကြိုက်တယ်ထင်ရင်
ငါ မင်းကို အချော့မလိုက်စေချင်ဘူး…

လူမှန် နေရာမှန်
စိတ်မမှန်တဲ့အခါ
ခွင်မကျတော့ ဘေးလူတွေ
ဒုက္ခရောက်တတ်တယ်…

ဟန်ဆောင်မျက်နှာဖုံး
ဆေးရောင်စုံနှင့် သည်လူတွေကြား
လိုက်မျောနေရတာ…
ရေမျော ကမ်းတင် ဘ၀လိုပါပဲ…

အားငယ်မနေတတ်ဘူး
အထီးကျန်ဆန်တတ်လိုပါ
မျက်စောင်းထိုးမနေတတ်ဘူး
အချိန်တွေက သိပ်များများစားစားမရှိလိုပါ..

ပတ်သက်မှုတွေ ဝေးနေချင်ပေမဲ့
သည်မျက်နှာတွေက နေ့တိုင်းမြင်နေရတော့
ခွင့်လွတ်တတ်တဲ့စက်တစ်လုံးတော့
ငါ တီထွင်နေရတုန်းပဲ…

မာနဆိုတာ ပြိုင်ဘက်တစ်ယောက်ဆို
ဘယ်သူနှင့်မှ မပြိုင်ချင်ဘူး
ငါကိုယ်တိုင် ငါနှင့်သာ
ပြိုင်ချင်တယ်…

နရီထက်
( ၁၅ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Dec 15, 2010
Comment #1

စကားလုံးတိုင်း အဓိပါယ်ရှိတယ် ကြိုက်တယ်ကို နရီထက်ရေ …

Comment #2

တောင်ပံမဲ့ လိပ်ပြာရေ…

ကျေးဇူး…..

commentinfo By: နရီထက် at Dec 15, 2010
Comment #3

(ငိုတတ်မှ အနိုင်ရတတ်မှာလား
ခပ်တည်တည်နှင့် မှန်တယ်လို နေခဲ့ရင်
ရှုံးနိမ့်ခဲ့ကြသလား…)ဆိုတဲ့အပိုဒ်ရယ်
(ပတ်သက်မှုတွေ ဝေးနေချင်ပေမဲ့
သည်မျက်နှာတွေက နေ့တိုင်းမြင်နေရတော့
ခွင့်လွတ်တတ်တဲ့စက်တစ်လုံးတော့
ငါ တီထွင်နေရတုန်းပဲ…

မာနဆိုတာ ပြိုင်ဘက်တစ်ယောက်ဆို
ဘယ်သူနှင့်မှ မပြိုင်ချင်ဘူး
ငါကိုယ်တိုင် ငါနှင့်သာ
ပြိုင်ချင်တယ်…)ဆိုတဲ့အပိုဒ်လေးတွေကိုကြိုက်တယ်

commentinfo By: myintmo at Dec 15, 2010
Comment #4

ကျေးဇူးပါ…

ချစ်ညီမလေး မြင့်မိုရ်

အစ်ကိုကြီး…

ဆက်လက် ကြိုးစားပါ့မယ်

ပရိသတ်များကို အစဉ်လေးစားလျှက်…

commentinfo By: နရီထက် at Dec 15, 2010
Comment #5

ဟန်ဆောင်မျက်နှာဖုံး
ဆေးရောင်စုံနှင့် သည်လူတွေကြား
လိုက်မျောနေရတာ…
ရေမျော ကမ်းတင် ဘ၀လိုပါပဲ…

ကြိုက်တယ်ဗျာ….အစ်ကိုတော်….။

commentinfo By: moehtetaung18 at Dec 15, 2010
Comment #6

(ငိုတတ်မှ အနိုင်ရတတ်မှာလား
ခပ်တည်တည်နှင့် မှန်တယ်လို နေခဲ့ရင်
ရှုံးနိမ့်ခဲ့ကြသလား…)ဆိုတဲ့အပိုဒ်ရယ်
(ပတ်သက်မှုတွေ ဝေးနေချင်ပေမဲ့
သည်မျက်နှာတွေက နေ့တိုင်းမြင်နေရတော့
ခွင့်လွတ်တတ်တဲ့စက်တစ်လုံးတော့
ငါ တီထွင်နေရတုန်းပဲ…

မာနဆိုတာ ပြိုင်ဘက်တစ်ယောက်ဆို
ဘယ်သူနှင့်မှ မပြိုင်ချင်ဘူး
ငါကိုယ်တိုင် ငါနှင့်သာ
ပြိုင်ချင်တယ်…)
ဆိုတဲ့အပိုဒ်လေးတွေကအရမ်းထိတယ်အကိုကြီး

commentinfo By: 92icon at Dec 17, 2010
Comment #7

(ကိုယ့်အကြိုက် ကိုယ့်စခန်း
ကောင်းတယ်လို့ မြှောက်ပေးမှ
ကြိုက်တယ်ထင်ရင်
ငါ မင်းကို အချော့မလိုက်စေချင်ဘူး…)very good

commentinfo By: 92icon at Dec 17, 2010
Comment #8

ညီလေး သူရ ကို

ကျေးဇူးတင်သည်

commentinfo By: နရီထက် at Dec 17, 2010
Comment #9

ပတ်သက်မှုတွေ ဝေးနေချင်ပေမဲ့
သည်မျက်နှာတွေက နေ့တိုင်းမြင်နေရတော့
ခွင့်လွတ်တတ်တဲ့စက်တစ်လုံးတော့
ငါ တီထွင်နေရတုန်းပဲ…
အရမ်းမှန်တဲ့စကားတွေကို သီကုံးထားတာပဲ
အရမ်းကြိုက်တယ်

commentinfo By: angel at May 7, 2011
Comment #10

မာနဆိုတာ ပြိုင်ဘက်တစ်ယောက်ဆို
ဘယ်သူနှင့်မှ မပြိုင်ချင်ဘူး
ငါကိုယ်တိုင် ငါနှင့်သာ
ပြိုင်ချင်တယ်…

Comment #11

တွေးထားတာက ရွှေလိုဘဲ တကယ်ကိုတန်ဖိုးရှိတယ်
မျက်စောင်းထိုးမနေတတ်ဘူး
အချိန်တွေက သိပ်များများစားစားမရှိလို့ပါ.. အဲ့နေရာလေးမိုက်တယ်ဗျ
ပညာတွေ လေ့လာသွားပါတယ် ။

commentinfo By: X - ray at Feb 9, 2012
Comment #12

ကိုကြီးရဲ့ကဗျာတွေကတော်တော်များများဂျူးနဲ့တိုက်ဆိုင်နေတော့အရမ်းကိုဟတ်ထိတာပဲ

commentinfo By: ဂျူ ဂျူး at Feb 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment