Professional Authors

မင်္ဂလာပါ

စာသားတလုံးတလေမှမတွေ့ဘဲ
မိုးလင်းခဲ့တဲ့ညတွေ
နှစ်ထောင်ပေါင်းတည်နေတဲ့
ကျောက်ဖြစ်ရုပ်ကြွင်းတွေ
ဘာဖြစ်သေးလဲမိုးခါးရေသောက်တော့ဆိုတဲ့
ခပ်စူးစူးအသံတွေ
မလင်းတလင်းနဲ့လခြမ်းလေး
ပြီးတော့ခပ်ယို့ယို့တိုက်ခတ်သွားတဲ့လေပြေညင်း
တိမ်တောင်တွေတိမ်လိပ်တွေကြားက
အသကိရှုသံတွေ
တင်းမာနေတဲ့
မျက်နှာထားတွေ
ခေါင်းမာမာနဲ့ဆုပ်ကိုင်ထားတဲ့
အယူအဆတွေ
မဖိတ်ဘဲရောက်ရောက်လာတတ်တဲ့
အကုသိုလ်နဲ့အပေါင်းအပါတွေ
အားလုံးကိုနှုတ်ခွန်းဆက်လိုက်ပါတယ်
မင်္ဂလာပါ။                ။

In: ကဗျာ Posted By: Date: Jan 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment