Professional Authors

အသည်းကွဲတမ်းခြင်း (၃)

နင့်အကြောင်းတွေးရင်
ဒီရင်မှာ ဝေဒနာတိုးလွန်းလို့
ငါ့အတွေးကနေ ထုတ်ပစ်လိုက်တယ်
နင်ရေးထားတဲ့စာတွေမြင်ရင်
ဒီဒဏ်ရာ ပိုနာကျည်းလို့
အားလုံးကို ငါဖျက်ဆီးပစ်လိုက်တယ်
နင်ပြောခဲ့တဲ့စကားတွေကြားရင်
ငါ့နုံနဲ့မှု ငါရှက်မိလို့ အားလုံးကို
ငါမေ့ပစ်လိုက်တယ်
နင်နဲ့နင့်အပေါင်းအဖော်တွေရဲ့
လှောင်ပြောင်မှုကို မခံစားနိုင်တော့လို့
အားလုံးကို ငါဟာသလုပ် ရယ်မောပစ်လိုက်တယ်
ဟာလာဟင်းလင်း ငါ့ရင်ဘတ်ကြီးကတော့
ငါ့ကို ပြန်သနားလို့တဲ့ ပြုံးပြနေလေရဲ့….

In: ကဗျာ Posted By: Date: Dec 13, 2011
Comment #1

Oh!
poor.

commentinfo By: sanday talk at Dec 13, 2011
Comment #2

hin………..
daw daw yet set tar pe naw,,,,

commentinfo By: ei lay at Dec 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment