Professional Authors

ကျောက်ဖြစ်ရုပ်ကြွင်း

ရင်နင့်အောင်တော့
မချစ်ခဲ့ပါဘူး
နှလုံးသားလေး
တုန်ခါသွားတဲ့အထိတော့
ခံစားဖူးတယ်
အမှားအမှန်ခွဲခြားနေတဲ့
ပုစ္ဆာတစ်ပုဒ်လို
မရှင်းထုတ်ချင်တော့ဘူး
လေတိုက်တိုင်း ယိမ်းနွဲ့တတ်တဲ့
သစ်ရွက်တွေအစား
ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်
နောက်လူတွေနမူနာယူဖို့
အတိတ်တွေကို
မြေမြှုပ်ပြစ်လိုက်တော့မယ်

In: ကဗျာ Posted By: Date: May 24, 2010
Comment #1

လေတိုက်တိုင်း ယိမ်းနွဲ့တတ်တဲ့
သစ်ရွက်တွေအစား
ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်

commentinfo By: အနီရောင်နှင်း at Mar 22, 2011
Comment #2

great…
lone wa lan de kwar.

commentinfo By: ei lay at Aug 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment