Professional Authors

မာန် – နရီထက်

တည်ငြိမ်အေးဆက်နေတဲ့ ပင်လယ်ပြင်အောက်
တိတ်တခိုး မီးတောင်တွေ ရှိနေတယ်…

ကမ္ဘာအလယ်ဗဟိုအောက်…
ပြန့်သက်လွယ်တဲ့ အပူလှိုင်းတွေ ကိန်းဝပ်နေတယ်

အရိုးရင့်တွေက ကြာကြာနေတော့ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့သလို…
အေးဆေးလေးပဲ မြေဆွေးတွေ ဖြစ်ခဲ့ကြတယ်…

ဈာန်လျှောတဲ့ တစ်ခဏ…
မာန်ပျော့ရပြီး တစ်ဘ၀ ။    ။

နရီထက်
( ၁၇ ၊ မေလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: May 17, 2011
Comment #1

မိုက်တယ်..အမြဲတမ်းအားပေးနေတယ်နော်…..

commentinfo By: myintmo at May 18, 2011
Comment #2

ကျေးဇူးပါ… ညီမလေး မြင့်မိုရ်

ညီမလေး ရဲ့ ကွန့်မန့်လေးတွေ တွေ့ရင် အစ်ကိုကြီး တကယ့်ပျော်ပါတယ်…

အစ်ကိုကြီး ပျော်အောင် အမြဲတမ်း အားပေးနေတဲ့ ငါ့ညီမလေးကို ကျေးဇူးပါ…

commentinfo By: Nayihtet at May 18, 2011
Comment #3

တည်ငြိမ်အေးဆက်နေတဲ့ ပင်လယ်ပြင်အောက်
တိတ်တခိုး မီးတောင်တွေ ရှိနေတယ်…အဲအပှဒ်လေး သဘော အစွယ်ဖွက်ထားတဲ့ ကျားက ပိုကြေက်ဖိုကောင်းတယ် ဆိုတဲ သဘောပဲ ကိုကြိးအကုန် ကောင်းတယ် ဒါမဲ ဒိစာကြောင်းလေးက
ပိုကောင်းလဲ ကောင်းတယ် ။ကြိုက်လည်းကြိုက်တယ် ကိုကြိး

commentinfo By: thuya at May 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment