Professional Authors

သွေးအေးနှလုံးသား

မာသာထရီဇာဆရာခေါ်ရမဲ့မျက်နှာ
မီးအိမ်ရှင်နိုက်တင်ဂေးလေးက
ထိုင်ကတော့ရမယ်အထာတွေနဲ့
ဒီရင်ဘတ်ပေါ်မှာလာကနေကြတယ်..
ဘီလူးယက္ခ ၁၀ ကောင်ရဲ့နှလုံးသား
ဒသဂီရီရဲ့ကောက်ကျစ်တဲ့အပြုံးတွေကို
မြင်နေရတာအောကလီဆန်လွန်းလို့ပါ။။။
ငွေ..ငွေ….ငွေ..တဲ့လား(ကျွတ်စ်)
အေး…ငွေနဲ့သီချင်းတစ်ပုဒ်ဝယ်လို့ရရင်ရမယ်
ရေးလို့တော့မရနိုင်ဘူး…..
တစ်ခါတစ်ခါ  ညော်စော်နံနေတဲ့ခန္ဒာကိုယ်တွေကြား
မွန်းကြပ်လွန်းလို့ ငါ့အဆုတ်ကို
လေထဲလွင့်ထူထားလိုက်ချင်တယ်…..
သံယောဇဉ်တွေ…..မေတ္တာတွေ….ကရုဏာတွေ…..
သိမ်းမထားချင်တော့ပါဘူးကွယ်..
ယူချင်တဲ့သူတွေ.လာယူသွားကြပါ…
ရက်စက်တက်ပြီး..ဟန်ဆောင်ကောင်းတဲ့
အသက်ရှုသံတွေရဲ့ကြားမှာ……
ဥပေက္ခာတွေကို ငါတစ်ဝကြီးရှုမယ်…..
ပြီးမှ..အညီအဟောက်တွေရှိတဲ့လူ့သားတွေစီ
တစ်လှမ်းခြင်းငါလှမ်းပြီးဝင်လာမယ်…
ဒါပေမဲ့….ငါလှမ်းတဲ့ခြေလှမ်းတိုင်းဟာ
ရေခဲအတိသောခြေလှမ်းမျိုးနဲ့ပေါ့ကွယ်…….
In: ကဗျာ Posted By: Date: Jan 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment