Professional Authors

ကိုယ်လန့်နိုးချင်တဲ့ နတ်သမီးအိပ်မက် (ကြယ်စုတ်ကြယ်ပဲ့)

သူငယ်ချင်းလို့ မခေါ်နဲ့ ။
နင့် အသက်ရှုသံတွေ
ခိုးခိုးနမ်းဖူးတဲ့ငါ
လိပ်ပြာမလုံလွန်းလို့………။

ရူးသွပ်တယ်ပဲပြောပြော
အစွန်းရောက်တယ်ပဲ ဆိုဆို
နင်သာ ငါ့ညတို့ရဲ့ နတ်သမီးပျိုပါ…။

ခက်တာက နင်ကလဲ
ဘယ်ဆောင်းကမှ လက်သင့်မခံတဲ့
နှင်းတပွင့်မဟုတ်ခဲ့ဘူးလေ….။

မျက်စိမှိတ်တီးနေကြတဲ့
လက်ခုပ်သံတွေကြား
ရှေ့ ဆက်မတိုးဝံ့တဲ့ ဒီဆင်ကန်းကိုကျ
ဘယ်သူက စာနာပေးမှာလဲ….။

တစ်..
နှစ်…
သုံး..အော်ပြီးနင့်ကို
(လွယ်လွယ်လေး)
မုန်းလို့ရရင်လဲ အကောင်းသား..။

လက်ခမောင်းခတ်ခွင့်ချောင်းနေတဲ့
တောကြောင်တသိုက်စာရင်းမှာ
ငါမပါချင်လို့ပါ…။

ကြယ်စုတ်ကြယ်ပဲ့

In: ကဗျာ Posted By: Date: May 19, 2010
Comment #1


လို့တောင်အော်ပြီး…
လွယ်လွယ်နဲ့မုန်းချင်သတဲ့လား…
ကဗျာလေးကြိုက်တယ်…

commentinfo By: အမရာ at May 19, 2010
Comment #2

ကြိုက်တယ် ဘယ်လိုပဲ ဖြစ်ဖြစ် အဒိ ကဗျာ က ချစ်သူတို့ အတွက် ဖြေဖျောက်စရာ တွေးနဲ
မေ့ လိုမရတဲ့ အရာ တွေးကို ဘယ်လိုပြောရမှန်မသိတဲ့ ကျွန်တော် အတွက်တော့ ကောင်းပါတယ်
ဘာမှန်ကိုမသိဘူး အဒီလောက် တုံတဲ ကျွန်တော်တောင် နဲနဲ တော့  လှုပ်သွားတယ် ။။။။။။။။။။။
တစ်မျိုးတော့ မထင်နဲ နှလုံသားကိုပြောတာ သခင်ရှုမောင် ပါ

commentinfo By: raberboy at Jun 9, 2010
Comment #3

မိုက်တယ်ဗျာ
ကောင်မလေးကတော့ဟတ်ထိသွားမှာပဲ
ကဗျာလေးနဲ့တင်

commentinfo By: ချိုလွင် at Jul 4, 2010
Comment #4

lone wa mike de,,
kwat ti be,,
fri loh ma pyaw ne,,lone wa kyike bu.sate soe de,
kwi,,kwi,,

commentinfo By: ei lay at Feb 12, 2012
Comment #5

read again par,
fri ma loak chin bu loh pyaw nay tar ya bu. 🙁

commentinfo By: ei lay at May 19, 2012
Comment #6

ကျွန်တော် ခဏခဏ ဖတ်နေမိသောာ …ကဗျာဆရာ

commentinfo By: အသဲကွဲမိုး at Jul 4, 2012
Comment #7

be lout pe taung so taung so fri pe de,
🙁
🙁
🙁

commentinfo By: ei lay at Jul 4, 2012
Comment #8

ထိရှစွာ …….

commentinfo By: sharon myorr myor at Jul 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment