Professional Authors

မေ့လိုက် (သက်ထွေး)

မေ့လိုက်
ညတစ်ဖြစ်နဲ့
နံနက်အခင်းအကျင်းတွေ
မေ့လိုက် ..
ရနံ့သင်းနေကြ
အခန့်မသင့်ခြင်း
တကူးတကတွေ
မေ့လိုက် ..
ဒဏ်ရာပေါ်က
ဖြေသိမ့်ခြင်း
သုခတွေ
မေ့လိုက် ..
စိတ်လိုလက်ရ
သက်ပြင်း
အစွန်းအထင်းတွေ
မေ့လိုက် …
တွေ့ရှိခဲ့
မျှော်လင့်ခြင်း
အနှိုင်းမဲ့ကုဋေ
မေ့လိုက် …
ကောက်မိခဲ့
ခြေရာထပ်
လမ်းကြမ်းတွေ
မေ့လိုက် …
ဖြတ်သန်းခဲ့
ရင့်ကျက်မှု
အပိုင်းအစတွေ
မေ့လိုက် …
တိတ်ဆိတ်ခဲ့
အထီးကျန်ခြင်း
စိတ်တ္တဇတွေ
မေ့လိုက် …
ခံစားမှုရဲ့
ရေမြေဒေသ
ဝေးကွာမှုပြ
ခွဲခွာခြင်း
ရလဒ်တွေ
မေ့လိုက် …
နာဖျားခဲ့
ငါ့အရိပ်ငါဖျောက်
ငါမပျောက်ခဲ့တဲ့
ညတွေ
မေ့လိုက် … ။ ။

သက်ထွေး
မေ ဝ၄ ၂၀ဝ၉

In: ကဗျာ Posted By: Date: May 26, 2009  
Comment #1

မေ့လိုက်ပါပြီဗျာ.. အကုန်လုံးကို.. ဟိုက်.. စာတွေပါ.. ပါကုန်ပြီ.. သူကြီးအမှုပတ်ပြီဗျို့.. ဟီးဟီး

commentinfo By: Kitty Yang at May 31, 2009
Comment #2

နာဖျားခဲ့
ငါ့အရိပ်ငါဖျောက်
ငါမပျောက်ခဲ့တဲ့
ညတွေ
မေ့လိုက် … ။ ။

commentinfo By: အမရာ at Jun 17, 2010
Comment #3

ငါ့အရိပ်ငါဖျောက်
ငါမပျောက်ခဲ့တဲ့
ညတွေ
မေ့လိုက် … ။ ။

commentinfo By: pannei at Nov 1, 2010
Comment #4

တစ်ကြောင်းမှာ စာလုံးခုနစ်လုံးထက် မပိုတဲ့ ကဗျာလေး……… (:

နာဖျားခဲ့
ငါ့အရိပ်ငါဖျောက်
ငါမပျောက်ခဲ့တဲ့
ညတွေ
မေ့လိုက် … ။ ။

အစကနေ ဆုံးထိ ကြိုက်တယ်… (:

commentinfo By: ဖြိုးဖြိုး at Dec 25, 2010
Comment #5

ဒီကဗျာလေး ကောင်းပါတယ် တိုလန်းလေးဘဲ ကဗျာဆရာမဟုတ်ပေမယ့် ဒီကဗျာလေး ဝင်ဖတ်ဖြစ်လို့ comment ပေးသွားတယ်ဗျာ ကဗျာဆရာ ကိုသက်ထွေး ချိုရီး ကဗျာကောင်းတွေ ဆက်ရေးနိုင်ပါစေ ။

commentinfo By: Nay Chi at Jul 22, 2011
Comment #6

မေ့လိုက် …
ခံစားမှုရဲ့
ရေမြေဒေသ
ဝေးကွာမှုပြ
ခွဲခွာခြင်း
ရလဒ်တွေ….။ ။ ။။။ :):):)

Leave Comments

Name*

Email*
Website
Email me whenever there is new comment