Professional Authors

ဖြတ်မျဉ်း (သက်ထွေး)

အချစ်ရဲ့
ဖြစ်တည်မှုကိုက
ဒြပ်ဝတ္ထု
ဆန်လွန်းတာပါ ..

စွန့်ပစ်ခံ
သဘောတရားကို
အစိမ်းရောင်
မြတ်နိုးမှုလို့
ငါယူဆခဲ့ပါရဲ့ ..

ညီမျှခြင်းဆိုတာ
လိုသလိုထိုးယူလို့
မရကြောင်း
ငါ …
နားလည်ခဲ့ပြီလေ ..

ငါ့နားလည်ခြင်းဟာ
ငါ့အရောင်တွေကို
ပြောင်းလဲစေခဲ့တာပဲ
ချစ်သူ ..

ငါ့တိတ်ဆိတ်ခြင်းတွေ
ကြေကွဲတော့
ဘယ်အော်သံများ
လွင့်စင်သွားခဲ့ဖူးလို့လဲ ..
နှုတ်ဆက်ခြင်းက
ဒီလိုပဲလို့
ငါခံယူခဲ့ပါတယ် ..

ငါ့ကိုယ်ငါ
ရှာဖွေဖို့
ဘာကြောင့်
မင်းလို အပ်ရတာလဲ ..
တစ်ကယ်တော့
ဆည်းဆာထွက်ရင်
ပျောက်ရှနေကြ
နေလို
မနက်ဖြန် မနက်
ငါ့ကိုယ်ငါ
ထကြည့်လိုက်ယုံပေါ့ …

ငါ့ယုံကြည်ချက်ကို
ငါမဖတ်ရဲလို့
ငါ စောင့်ကြည့်ခဲ့တာမှာ
ငါမထင်တဲ့
သစ္စာတရားက
ဘယ်လို
လွတ်လပ်မှုမျိုးကို
ဖြည့်ယူသွားလည်း
ငါမသိဘူး …
ဒါပေမဲ့
မင်းခံယူချက်
ဖြတ်မျဉ်းကတော့
ငါ့ရင်ခွင် မျက်နှာပြင်သို့
ကန်လန့် ဖြတ်ကာဆင်း သွားတော့တာပါပဲ ။ ။

သက်ထွေး
၂၅ ဇွန် ၂၀၀၉ ည ၁၀း၃၀

In: ကဗျာ Posted By: Date: Jun 25, 2009  
Comment #1

အားလားလား
မိုက်တယ်

အချစ်ရဲ့
ဖြစ်တည်မှု့ကိုက
ဒြပ်ဝတ္ထု
ဆန်လွန်းတာပါ ..

စွန့်ပစ်ခံ
သဘောတရားကို
အစိမ်းရောင်
မြတ်နိုးမှု့လို့
ငါယူဆခဲ့ပါရဲ့ ..

ညီမျှခြင်းဆိုတာ
လိုသလိုထိုးယူလို့
မရကြောင်း
ငါ …
နားလည်ခဲ့ပြီလေ ..

ငါ့နားလည်ခြင်းဟာ
ငါ့အရောင်တွေကို
ပြောင်းလဲစေခဲ့တာပဲ
ချစ်သူ .

ဒါတွေအသေမိုက် .. စစချင်းအပိုဒ်ကို အသေခိုက်
ကိုတီတီ ..မွေးရကျိုးနပ်ပါကြောင်း… ;D
အူဝဲ .. အူဝဲ.. ;P

commentinfo By: h3mlock at Jun 25, 2009
Comment #2

မိုက်တယ်… ကြိုက်တယ်…

ငါ့ကိုယ်ငါ
ရှာဖွေဖို့
ဘာကြောင့်
မင်းလို အပ်ရတာလဲ ..

အဲဒါလေး အကြိုက်ဆုံးပဲ… 🙂 အားပေးနေပါတယ်ဂျာ..
ကိုယ်တိုင်အားရမယ်ဆို ရလောက်ပါတယ်

commentinfo By: Ei Mon Soe at Jun 25, 2009
Comment #3

ကြွေတယ်ဗျာ..

ညီမျှခြင်းဆိုတာ
လိုသလိုထိုးယူလို့
မရကြောင်း
ငါ …
နားလည်ခဲ့ပြီလေ ..

ငါ့တိတ်ဆိတ်ခြင်းတွေ
ကြေကွဲတော့
ဘယ်အော်သံများ
လွင့်စင်သွားခဲ့ဖူးလို့လဲ ..

ပြီတော့ နောက်ဆုံးအပိုဒ်ကို အရမ်းကြိုက်တယ်.. ကျန်တာတွေလည်း ကြိုက်တယ်.. ဟီးဟီး..
သူကြီးကွ…

commentinfo By: Kitty Yang at Jun 25, 2009
Comment #4

လူ တစ်ယောက် ဆီ က သစ္စာတရား ဆို တဲ့ ခံစားချက်မဲ့ စည်းမျည်းထက်
ပို မြတ်နိုး တန်ဖိုးရှိတဲ့ အရာ……………..

( ဆည်းဆာထွက်ရင်
ပျောက်ရှနေကြ
နေလို
မနက်ဖြန် မနက်
ငါ့ကိုယ်ငါ
ထကြည့်လိုက်ယုံပေါ့)

ဟဲ ဟဲ ……………………..မျှော်။

commentinfo By: Khine Swe Zin Thin at Jun 25, 2009
Comment #5

မိုက်၏ မိုက်၏ အရဲစာအုပ်ထုတ်ရင် ကိုတီတီကို ပင်တိုင် ကဗျာဆရာ အဖြစ်ခန့်မယ် စိတ်ချ

commentinfo By: အရဲ at Jun 26, 2009
Comment #6

ကောင်းတယ်တီတီရေ…

commentinfo By: LoRdiE at Jun 26, 2009
Comment #7

လိုသလိုထိုးယူလို့မရတဲ့ ညီမျှခြင်းအကြောင်းတွေ ကျွန်တော်လည်း ကောင်းကောင်းကြီးကို နားလည်သွားပြီ။ ဖွဲ့စည်းပုံ နဲ့ စကားလုံးသုံးတဲ့နေရာမှာ အကိုအရမ်း ကောင်းတယ်ဗျာ။

commentinfo By: ဆွဲအား at May 16, 2010
Comment #8

အချစ်နှင့်သက်ဆိုင်သောဖြတ်မျဉ်းများ……..

commentinfo By: အမရာ at Jun 17, 2010
Comment #9

စွန့်ပစ်ခံ
သဘောတရားကို
အစိမ်းရောင်
မြတ်နိုးမှုလို့
ငါယူဆခဲ့ပါရဲ့ ..

ညီမျှခြင်းဆိုတာ
လိုသလိုထိုးယူလို့
မရကြောင်း
ငါ …
နားလည်ခဲ့ပြီလေ .

ငါ့ကိုယ်ငါ
ရှာဖွေဖို့
ဘာကြောင့်
မင်းလို အပ်ရတာလဲ ..

wonderful bro ၏ amazing စကားလုံးများးးးးးးးးးးးးးးးးးးး
like & mites ************77777777777777777777777
(:

commentinfo By: ဖြိုးဖြိုး at May 28, 2011
Comment #10

ညီမျှခြင်းဆိုတာ
လိုသလိုထိုးယူလို့
မရကြောင်း
ငါ …
နားလည်ခဲ့ပြီလေ .

ငါ့ကိုယ်ငါ
ရှာဖွေဖို့
ဘာကြောင့်
မင်းလို အပ်ရတာလဲ ..
တစ်ကယ်တော့
ဆည်းဆာထွက်ရင်
ပျောက်ရှနေကြ
နေလို
မနက်ဖြန် မနက်
ငါ့ကိုယ်ငါ
ထကြည့်လိုက်ယုံပေါ့ …

commentinfo By: chocolate at Jan 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment