Professional Authors

အို……..သစ္စာ-၃

အိပ်မက်ဆိုတာကလည်း
မခေါ်ပဲလာတတ်တာမျိုး။ 

ခွဲမသွားဖို. ခြောက်ခြားစွာတားမြစ်ခဲ့လည်း
ထားသွားခဲ့ချိန်က ခံစားမှုမျိုး
ဒီအိပ်မက်မှာသစ်လွင်လတ်ဆတ်ဆဲ
နာကျင်မှုနဲ.ကြေကွဲမှုဟာ
လစ်ဟာခြင်းမှာ နေရာယူကြတယ်။

ငါလည်းအကုန်ပေးခဲ့တယ်
နင်လည်းတစ်ခုမှရမသွားဘူး
သဲထဲရေသွန်မေတ္တာများ။

မေ့နေခဲ့သော မဟုတ်တောင်
မေ့ဟန်ဆောင်၍ အောင်မြင်လုနီးနီးအတိတ်ဟာ
အခုတရေးနိုး နှိပ်စက်ခဲ့ပြီ။

ကြေကွဲစွာမျက်ရည်ဝဲရန်စတင်ခိုက်
ကိုယ့်ဘေးမှာနှစ်ခြိုက်စွာ အိပ်ပျော်နေသူ
ယောင်ယမ်းပြုံးရယ် ကိုယ့်ရင်ခွင်ထဲတိုးဝင်လာချိန်
သစ္စာမမဲ့ချင်သူရဲ့ မျက်ရည်တစ်စက်
ဇနီးသည် အတွက်ကျလာခဲ့။     ။

In: ကဗျာ Posted By: Date: Dec 29, 2010
Comment #1

မျက်ရည်ကျရလောက်အောင် ခံစားရသလား အဲဒီအချိန် အဲဒီနေရာမှာ ???
လက်ရှည်သွားတာ ကဗျာက ကောင်းပါတယ်ဗျာ…. အမြဲအားပေးနေတယ်နော်

Comment #2

သစ္စာမမဲ့ချင်သူရဲ့ မျက်ရည်တစ်စက်
ဇနီးသည် အတွက်ကျလာခဲ့။ ။
ကဗျာလေးကကောင်းပါတယ်………..နောက်တစ်ထပ်မမှားစေနဲ့ပေါ့ဗျာ……… 😛
အမြဲအားပေးတယ်ဗျာ……။ ။

commentinfo By: ကဗျာချစ်သူ at Dec 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment