Professional Authors

ဇာတ်သိမ်းမတတ်သေးသော နိဂုံး

ရူးသလောက် ချစ်ခဲ့ဖူးပါသည်

ချစ်ခဲ့သလောက် ရူးရပါသည်။

 

ဘဝနှင့်ရင်း၍ ချစ်ခဲ့တော့လည်း

ဘဝပျက်မတတ် ခံစားရပါသည်။

 

အချစ်ကြောင့်ရသည့် ဒဏ်ရာမို့လည်း

အချစ်နှင့်ပဲ ဖြေဖျောက်ရပါသည်။

 

ဝေးသွားရမည် ဟု ကြိုသိခဲ့မည်ဆိုလျှင်…

ကျနော့်ကိုဖက်၍ အိပ်ပျော်နေခဲ့သော သူမနှင့်

သူမကိုဖက်၍ အိပ်ပျော်နေခဲ့သော ကျနော်

ကျနော်နှင့် သူမ နှစ်ယောက်လုံးအပေါ်

ဖယောင်းရည်ပျော် လောင်းချခဲ့ပါသည်။

In: ကဗျာ Posted By: Date: Jan 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment