Professional Authors

ကြာခဲ့ပြီ,,

ခံစားမှုတွေ ရိုးရှင်းတဲ့ အသက်တွေလဲကျော်ခဲ့ပြီ။

ခုရယ်ပြပြီး ကွယ်ရာမဲ့တဲ့ မျက်နှာဖုံးတွေလဲ အသားကျလာခဲ့ပြီ။

နောက်ကျမှာစိုးလို့  ကြိုပြင်ဆင်ထားရတာတွေ အရာရာနေသားကျလာခဲ့ပြီ။

သတိရတယ်လို့  အပြောဆန်းတွေလဲ ဝေဖန်ဆန်းစစ်နိုင်ခဲ့ပြီ။

ငါကသာ ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်လို့ လူကြားကောင်းအောင်မပြောဖြစ်တာလဲ ကြာပြီ။

တနှစ်ကုန်ရင် ပြောင်းလဲသွားမယ်ဆိုတဲ့အတွေးတွေကို

နောင်နှစ်ရောက်ပြန်ပြီပေါ့ဆိုတဲ့ အတွေးနဲ့ အစားထိုးလိုက်တာလဲ ကြာပြီ။

သွားလာလှုပ်ရှားနေတဲ့လူတွေကို ငေးမောရင်းကားစောင့်တက်လာပြီ။

မနက်ခင်းနေရောင်နုနုလေး မထိတွေ့ ရတာမေ့သွားနိုင်ခဲ့ပြီ။

စိတ်ကူးထဲက ငါ့အတ္တနဲ့  စကားများလာတက်ပြီ။

ပြောင်းလဲမှုတွေ မသိလိုက်ဘာသာ နေထိုင်ရှင်သန်မှုအောက်မှာ  ရောက်ခဲ့တာကြာပြီ။။

လိမ်ညာခြင်းကင်းတဲ့ ချစ်ခြင်းတရားသေဆုံးသွားတာကို ထိုင်ကြည့် နေရင်း အသက်ရှုသံတွေ ငြိမ်သက်ခဲ့တာ

လေထုကို အားနာလာပြီ။ တချိန်ချိန်မှာ,,,,,

In: Others Posted By: Date: Mar 26, 2011
Comment #1

လိမ်ညာခြင်းကင်းတဲ့ ချစ်ခြင်းတရားသေဆုံးသွားတာကို ထိုင်ကြည့် နေရင်း အသက်ရှုသံတွေ ငြိမ်သက်ခဲ့တာ

လေထုကို အားနာလာပြီ။ တချိန်ချိန်မှာ,,,,,
ဒီနေရာလေးကတော်တော်ကိုတိုက်ဆိုင်တယ်…………. အားပေးပါတယ်…ဆက်ရေးပါ ……..

commentinfo By: May Kha at Mar 26, 2011
Comment #2

အားပေးသွားပါတယ်
စိတ်ကူးထဲက ငါ့အတ္တနဲ့  စကားများလာတက်ပြီ။

ပြောင်းလဲမှုတွေ မသိလိုက်ဘာသာ နေထိုင်ရှင်သန်မှုအောက်မှာ ရောက်ခဲ့တာကြာပြီ။။

commentinfo By: genius.jinx28 at Mar 27, 2011
Comment #3

အားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ ကြိုးစားပါမယ် ။

commentinfo By: morrethant at Mar 29, 2011
Comment #4

တနှစ်ကုန်ရင် ပြောင်းလဲသွားမယ်ဆိုတဲ့အတွေးတွေကို
နောင်နှစ်ရောက်ပြန်ပြီပေါ့ဆိုတဲ့ အတွေးနဲ့ အစားထိုးလိုက်တာလဲ ကြာပြီ။

commentinfo By: rabbit at May 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment