Professional Authors

အာရုံပြုခြင်း

မခွဲချင်သူရဲ့
ကျပျောက်တဲ့ နေ့တွေလိုက်ရှာရင်း
မခေါ်ချင်သူ အတွက်
အိပ်မက်တွေအခန်းဆက်ဖြစ်ခဲ့တယ်…

ကိုယ့်အတွက် မဟုတ်တဲ့
သံစဉ်ချိုချိုတွေမှာ မိန်းမောရင်း
သံကြိုးတွေ တစ်ရစ်ရစ်တင်းခဲ့ပေါ့…

သံလွင်မြစ်ရိပ်ခိုရင်း
နောက်တစ်ကြိမ်း ဆိုတာ စိတ်ကူးကြည့်ခဲ့
မရောရာတဲ့ ငါ့ကောင်းကင်ကိုက
ကြည်လင်မပြခဲ့ဘူး…

အမှတ်တရ အလွမ်းငွေ့ငွေ့
ပြန်မတွေ့တော့တဲ့ အတိတ်ဟာ
သူမအဖြစ် ရင်ဘတ်ထဲမှာ ရှာတွေ့ခဲ့
အရောင်မဲ့ မြတ်နိုးခြင်းတွေအကြောင်းပေါ့…

ကိုင်း ကျူးပစ်ရေ
မင်းရဲ့ လွဲချော်မှုတွေ ရပ်တော့မှာလား
စကားတွေ မလိုအပ်တဲ့ ရာသီမှာ
ငါ့ သတိရခြင်းတွေကို ထွန်ယက်ပေးပါ…

သောကြာ မှတ်တမ်းတစ်ထပ်
သူမအတွက် အပျင်းပြေဖတ်စရာ
ခရမ်းပြာ ငါ့ကျောက်စာတစ်ချပ်အကြောင်း
ချစ်တတ်သူအပေါင်းကို ပြောပြပေးကြပါ…

သူမကို …
ရိုကျိုးစွာ တမ်းတမှုအကြောင်း
အိပ်မက်ကောင်းကောင်း တစ်လက်
နတ်ဆိုးရဲ့ ၀ိုင်တစ်ခွက်နဲ့အတူ
စိမ့်တသက်သက် လူတစ်ယောက်
အောက်ခြေမှာ လက်မှတ်တချက်လောက်
သူမဆီက တောက်ပခွင့်ပေးပါ……..

In: ကဗျာ Posted By: Date: Jul 1, 2011
Comment #1

သူမ ဆီမှာတောက်ပခွင့်ရပါစေ..

commentinfo By: poem.poem28 at Jul 1, 2011
Comment #2

မခွဲချင်သူရဲ့
ကျပျောက်တဲ့ နေ့တွေလိုက်ရှာရင်း
မခေါ်ချင်သူ အတွက်
အိပ်မက်တွေအခန်းဆက်ဖြစ်ခဲ့တယ်…

ကိုယ့်အတွက် မဟုတ်တဲ့
သံစဉ်ချိုချိုတွေမှာ မိန်းမောရင်း
သံကြိုးတွေ တစ်ရစ်ရစ်တင်းခဲ့ပေါ့…

သံလွင်မြစ်ရိပ်ခိုရင်း
နောက်တစ်ကြိမ်း ဆိုတာ စိတ်ကူးကြည့်ခဲ့
မရောရာတဲ့ ငါ့ကောင်းကင်ကိုက
ကြည်လင်မပြခဲ့ဘူး…

အမှတ်တရ အလွမ်းငွေ့ငွေ့
ပြန်မတွေ့တော့တဲ့ အတိတ်ဟာ
သူမအဖြစ် ရင်ဘတ်ထဲမှာ ရှာတွေ့ခဲ့
အရောင်မဲ့ မြတ်နိုးခြင်းတွေအကြောင်းပေါ့…

ကိုင်း ကျူးပစ်ရေ
မင်းရဲ့ လွဲချော်မှုတွေ ရပ်တော့မှာလား
စကားတွေ မလိုအပ်တဲ့ ရာသီမှာ
ငါ့ သတိရခြင်းတွေကို ထွန်ယက်ပေးပါ…

သောကြာ မှတ်တမ်းတစ်ထပ်
သူမအတွက် အပျင်းပြေဖတ်စရာ
ခရမ်းပြာ ငါ့ကျောက်စာတစ်ချပ်အကြောင်း
ချစ်တတ်သူအပေါင်းကို ပြောပြပေးကြပါ…

သူမကို …
ရိုကျိုးစွာ တမ်းတမှုအကြောင်း
အိပ်မက်ကောင်းကောင်း တစ်လက်
နတ်ဆိုးရဲ့ ၀ိုင်တစ်ခွက်နဲ့အတူ
စိမ့်တသက်သက် လူတစ်ယောက်
အောက်ခြေမှာ လက်မှတ်တချက်လောက်
သူမဆီက တောက်ပခွင့်ပေးပါ……..။

Comment #3

သံလွင်မြစ်ရိပ်ခိုရင်း
နောက်တစ်ကြိမ်း ဆိုတာ စိတ်ကူးကြည့်ခဲ့
မရောရာတဲ့ ငါ့ကောင်းကင်ကိုက
ကြည်လင်မပြခဲ့ဘူး…

ကိုင်း ကျူးပစ်ရေ
မင်းရဲ့ လွဲချော်မှုတွေ ရပ်တော့မှာလား
စကားတွေ မလိုအပ်တဲ့ ရာသီမှာ
ငါ့ သတိရခြင်းတွေကို ထွန်ယက်ပေးပါ…

သူမကို …
ရိုကျိုးစွာ တမ်းတမှုအကြောင်း
အိပ်မက်ကောင်းကောင်း တစ်လက်
နတ်ဆိုးရဲ့ ၀ိုင်တစ်ခွက်နဲ့အတူ
စိမ့်တသက်သက် လူတစ်ယောက်
အောက်ခြေမှာ လက်မှတ်တချက်လောက်
သူမဆီက တောက်ပခွင့်ပေးပါ……..

ကောင်းတယ်ဆိုတာထက်ကိုပိုပါတယ်…..အားပေးနေပါတယ်…။

commentinfo By: terry at Jul 1, 2011
Comment #4

ကြိုက်တယ်ဗျာ အားပေးသွားပါတယ်

commentinfo By: မိုးသစ်လေပြေ at Jul 1, 2011
Comment #5

^__^
^__^

commentinfo By: ei lay at Nov 18, 2012
Comment #6

Feel again

commentinfo By: ei lay at Mar 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment