Professional Authors

ကဗျာမဟုတ်ပါ

ကဗျာဆိုတာ ရင်ခုန်သံတဲ့
ဒါကဗျာမဟုတ်ဘူး
ရင်ခုန်သံ ထွက်ပေါ်တဲ့
အသဲနှလုံးမှ မရှိတော့တာပဲ
ဟုတ်တယ် စုတ်ပြတ်သတ်သွားပြီ
အသစ်စက်စက်မဟုတ်ခဲ့ပေမယ့်
တစ်ကန့်ပဲပါခဲ့တဲ့ နှလုံးသားတစ်ခုပါ
နင်းလိုနင်း ချေလိုချေ
လမ်းခင်းပေးထားတယ် ငါ့မာနတွေ
ထပ်လိုချင်သေးလား
အဆင်သင့်ပဲနော် ငါ့အသွေး
ငါ့အသက် ငါဆိုတာ မလိုအပ်ခဲ့ဘူး။
နောင်သံသရာ များစွာမှာ
မင်းအတွက် ငါကဆက်ပြီး ပေးဆပ်နေမှာ။ ။

In: ကဗျာ Posted By: Date: May 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment