Professional Authors

ခံစားချက်လေးတွေပါ (လူထင်ကြီးခံရနည်းလားပေါ့လေ..)

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနောက်မှာ

မင်းဖြစ်ချင်တာတွေပဲပြောလာနေတတ်တော့

ငါမင်းကို မေးချင်တယ်

မင်းအတ္တအတွက်များငါ့ကို ချစ်ခဲ့ သလားလို့ 

 

×××××××××××××××××××××××××××××

 

နောက်တစ်ယောက်ဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး …မင်းနဲ့ ချစ်နေသရွေ့ ပေါ့

မင်းနဲ့ ဇာတ်လမ်းပြီးသွားရင်တော့……

ဟဲဟဲ

 

×××××××××××××××××××××××××××

 

ငါ့ကို မယုံကြည်တဲ့ နင့်ထံမှာ

အချစ်တစ်ခုကို ပွင့်လင်းစွာ ၀န်ခံဖို့ အတွက်

ဆွံ့ အ နေတဲ့ င့ါကို ငါ $ရမ်း $ရမ်း မုန်းတယ်

နာကြည်းတယ်

ဒါပေမဲ့  ဖြေဆေးမရှိတဲ့ အဆိပ်ကို မျိုထားမိမှတော့ 

ငါ့အတွက် မသေခင်အထိတော့ သည်ဝေဒနာကို

အမြတ်တနိုးနဲ့ ပဲ

သိမ်းထားသွားရတော့မှာပေါ့…..

 

×××××××××××××××××××××××××××××××

 

ချစ်သူ

မဖြစ်သင့်မှန်းသိရက်နဲ့ 

ရှေ့ ဆက်တိုးနေတာ

ငါရူးနေလို့ မဟုတ်ဘူးနော်

မင်းကို သိပ်ချစ်မိသွားလို့ 

 

×××××××××××××××××××××××××××××××××

အလျှော့ပေးတဲ့ သူက ပိုချစ်တာလို့ ပြောကြတာဆိုရင်

ငါ့ဘက်ကအရင် အလျှော့ ပေးမယ်

ချစ်သူ

 

×××××××××××××××××××××××××××××××××

 

အချစ်တစ်ခုက

တစ်ဘ၀လုံးစာအတွက်

အမှားလို့ ပြောကြရင်တောင်

ငါ့အဲဒီ အမှားနဲ့ 

ဘ၀ကို ဖြတ်သန်းနိုင်အောင်

ကြိုးစားကြည့် ချင်တယ်

 

×××××××××××××××××××××××××××××××××

ချစ်မိလို့ ရလာတဲ့ ငါ့နောင်တ တွေ က

ငါ့ အတွက် မဟုတ်ဘူးချစ်သူ

ငါ ခံစားရတာတောင် သည်လောက်ပင်ပန်းရင်

ငါ့ထက်ပို ခံစားတတ်တဲ့ မင်း

ဘယ်လိုများနေမလဲ

တွေးမိတာလေးတစ်ခုကြောင့်ပါ

 

×××××××××××××××××××××××××××××××××

 

သည်အချိန်မှာ အလွမ်းတွေကို စာဖွဲ့ ဖို့ ကြိုးစားနေပေမဲ့ 

လွမ်းရတာ ပင်ပန်းလွန်းလို့ 

စကားလုံးတွေ တောင် ဆွံ့ အ ကုန်ပါလား

 

×××××××××××××××××××××××××××××××××

အပျင်းပြေ နင်းခြေခံ၇တဲ့ နှလုံးသား

ကြေမွအက်ကွဲ နေတဲ့ ကြားက

အမှတ်မရှိဘဲ

လွမ်းနေဆဲ ချစ်နေဆဲတဲ့ 

ရှက် ဖို့ ကောင်းလွန်းလို့ 

အဲသည် နှလုံးသားကို ငါကိုယ်တိုင်ထုတ်ယူပြီး

အဝေးဆုံးကို လွှင့်ပစ်လိုက်ပြီ

ငါ့ဘ၀ သုဉ်းချင်သုဉ်းစေတော့

 

×××××××××××××××××××××××××××××××××

 

စကားပြောခွင့်မရပေမဲ့ လည်း မြင်ခွင့်ရရုံ

နင်ရှိနေမှန်းသိရုံနဲ့ တင် ငါ့အတွက်

ပြည့်စုံလုံခြုံနေတယ်…ချစ်သူ

 

×××××××××××××××××××××××××××××××××

 

ငါယုံကြည်ပေးခဲ့ သမျှ

ငါ့အချစ်ကို သံသယဖြစ်တဲ့ မင်းရှေ့ မှာ

တောင်းပန်ခယပြီး ယုံကြည်ပေးပါလို့ 

ပြောရအောင်တော့ငါ့အချစ်က

မပေါ့ပျက်ဘူး……..ချစ်သူ

 

In: ကဗျာ Posted By: Date: Sep 3, 2011
Comment #1

nice poem..

a shot pay de pay de ne,,,
a naing u par u par ne,,,
da ke da ke dot thu pe a naing pine twar tar ko myar,
ha,,ha,,
kyan tay de,,,,,,,
ba wa ta khu lone pay ong me de.

commentinfo By: ei lay at Sep 3, 2011
Comment #2

ငါယုံကြည်ပေးခဲ့ သမျှ

ငါ့အချစ်ကို သံသယဖြစ်တဲ့ မင်းရှေ့ မှာ

တောင်းပန်ခယပြီး ယုံကြည်ပေးပါလို့ 

ပြောရအောင်တော့ငါ့အချစ်က

မပေါ့ပျက်ဘူး……..ချစ်သူ
(ကောင်းတယ်ဗျာ)

commentinfo By: Htoo Zaw Win at Sep 3, 2011
Comment #3

ကောင်းတယ်…..နှစ်သက်အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Sep 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment