Professional Authors

တေလေဌက်တစ်ကောင်ရဲ့ အမြင့်ပျံတမ်းချင်း – နရီထက်

ရင်နာနာနှင့် အဝေးကို ထွက်ပြေးသွားချင်တယ်
ရူးတော့မလိုနှင့် အတောင်တွေကို ပွတ်သပ်ကြည့်တယ်
အားကုန်ယူလို့ အမြင့်ကို တက်ပျံခဲ့တယ်

လေဆန်ကြားမှာ ရင်ကိုခွဲ အတောင်တွေ ဆန့်လို့
မြင့်သထက်မြင့်အောင် ဆက်ပျံကြည့်တော့
ရင်နှင့်မပြည့ှ်မျှအောင် ခံစားချက်တွေ ပြည့်နှက်ခဲ့တယ်

ခရီးရောက်မတတ် အိမ်မက်တွေကြား
တိမ်လွှာတွေဘေးနား ငေးကြည့်မိတယ်
ခဏလေးနှင့်ပျောက်ကွယ်မယ့် ဝေဒနာတွေလား
တစ်ချက်တစ်ချက် ပြန်ပေါ်လာမယ့် ဒဏ်နာတွေလား

မြေပြင်က လဒတွေ အသေကောင်ကို မျှော်နေကြလေးရဲ့
နေ့အခါ မျက်မမြင် ဇီးကွက်ကြားကိုလည်း
ကျီးကန်းတွေက ၀ိုင်း မဲနေကြလေးရဲ့
သစ်ချပင်ထက်က ညဆိုးဌက်ကလည်း
နိမိတ်တွေ ပြဌာန်းပေးလေးရဲ့….

အဝေးကို ငါ ထွက်ပြေးချင်မိ…
ပြန်လမ်းမရှိတော့တဲ့ အိမ်ပြေးဌက်တစ်ကောင်တော့
ငါ မဖြစ်ချင်တာ အသေအချာဆုံးပါ..
ပျံရင်းနဲ့ သေသွားမှာလား
ကျန်ရင်းနဲ့ အသက်ဆက်ရအုန်းမှာလား…

ငါ မမှားတာတော့ သေချာပါတယ်
မနက်မိုးလင်းက တစ်ချို့ဌက်ကလေးတွေ
ပန်းပွင့်လေးကြား တေးဆိုနေသေးရဲ့…
မြေပြင်တစ်နေရာ ကျီးကန်းအသေကောင်နား
သူ့ပေါက်ဖော် ကျီးကန်းတစ်သိုက် ၀ိုင်းပူဆွေးရှာလေးရဲ့…
အလွမ်းဒဏ်ကို နာကြည်းချက်တွေနဲ့ သူတို့မဖြစ်သင့်ကြောင်း
အော်ဟစ်နေကြတယ်လေး…

အတောင်မစုံသေးတဲ့ ဌက်ကလေးတွေက
ကိုယ်ကိုကိုယ်ကြည့်ပြီး နေ့သစ်ကို တွေးဆနေတယ်
ဌက်ကြီးတွေက အတောင်စုံလို့ အစာရှာလေးရဲ့
ဘ၀အတွက် နေစရာ အသိုက်တွေလည်း ဆောက်နေကြလေးရဲ့
ရန်သူဆိုတာ ကာကွယ်ဖို့ တိုင်ပင်နေကြတာ နေ့တိုင်းပါပဲ…

အိမ်ပြေး ဌက်တစ်ကောင် မဟုတ်ခဲ့ပါ…
အမြင့်ဆုံးကို ပျံချင်လို့ ရူးသွပ်နေတာ မဟုတ်ခဲ့ပါ..
လေဆန်ကို ခွင်းပြီး တေလေဌက်တစ်ကောင်…
ဆက်ပျံသန်းခွင့်ရှိချိန်မှာလေး…
ရှေ့ဆက်ခရီး ဆက်ချင်နေတာ အသေအချာဆုံးပါ…

နရီထက်
( ၂၁ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Dec 21, 2010
Comment #1

မြင့်သထက်မြင့်အောင် ဆက်ပျံကြည့်တော့
ရင်နှင့်မပြည့ှ်မျှအောင် ခံစားချက်တွေ ပြည့်နှက်ခဲ့တယ်
ခဏလေးနှင့်ပျောက်ကွယ်မယ့် ဝေဒနာတွေလား
တစ်ချက်တစ်ချက် ပြန်ပေါ်လာမယ့် ဒဏ်နာတွေလား
သစ်ချပင်ထက်က ညဆိုးဌက်ကလည်း
နိမိတ်တွေ ပြဌာန်းပေးလေးရဲ့….
အိမ်ပြေး ဌက်တစ်ကောင် မဟုတ်ခဲ့ပါ…
အမြင့်ဆုံးကို ပျံချင်လို့ ရူးသွပ်နေတာ မဟုတ်ခဲ့ပါ..

ဒါပေမယ့် ……..အဝေးကို ကျွန်တော်လည်း ထွက်ပြေးချင်မိပါတယ် ကိုနရီထက်ရာ
အရမ်းကောင်းပါတယ်ဗျာ။။

Comment #2

အကိုကြီးအရမ်းကိုတော်တယ်။အရမ်းကိုကောင်းပါတယ်။အဲ့အပိုဒ်လေးတွေကိုပိုပြီးကြိုက်တယ်။
(ရင်နာနာနှင့် အဝေးကို ထွက်ပြေးသွားချင်တယ်
ရူးတော့မလိုနှင့် အတောင်တွေကို ပွတ်သပ်ကြည့်တယ်
အားကုန်းယူလို့ အမြင့်ကို တက်ပျံခဲ့တယ်

လေဆန်ကြားမှာ ရင်ကိုခွဲ အတောင်တွေ ဆန့်လို့
မြင့်သထက်မြင့်အောင် ဆက်ပျံကြည့်တော့
ရင်နှင့်မပြည့ှ်မျှအောင် ခံစားချက်တွေ ပြည့်နှက်ခဲ့တယ်

ခရီးရောက်မတတ် အိမ်မက်တွေကြား
တိမ်လွှာတွေဘေးနား ငေးကြည့်မိတယ်
ခဏလေးနှင့်ပျောက်ကွယ်မယ့် ဝေဒနာတွေလား
တစ်ချက်တစ်ချက် ပြန်ပေါ်လာမယ့် ဒဏ်နာတွေလား။)ရယ်နောက်ထပ်
(အိမ်ပြေး ဌက်တစ်ကောင် မဟုတ်ခဲ့ပါ…
အမြင့်ဆုံးကို ပျံချင်လို့ ရူးသွပ်နေတာ မဟုတ်ခဲ့ပါ..
လေဆန်ကို ခွင်းပြီး တေလေဌက်တစ်ကောင်…
ဆက်ပျံသန်းခွင့်ရှိချိန်မှာလေး…
ရှေ့ဆက်ခရီး ဆက်ချင်နေတာ အသေအချာဆုံးပါ…)ဆိုတဲ့အပိုဒ်လေးတွေကိုပိုပြီးကြိုက်တယ်။

commentinfo By: myintmo at Dec 21, 2010
Comment #3

အမြင့်ဆုံးကို ပျံချင်လို့ ရူးသွပ်နေတာ မဟုတ်ခဲ့ပါ..
လေဆန်ကို ခွင်းပြီး တေလေဌက်တစ်ကောင်…
ဆက်ပျံသန်းခွင့်ရှိချိန်မှာလေး…
ရှေ့ဆက်ခရီး ဆက်ချင်နေတာ အသေအချာဆုံးပါ…
ကောင်းတယ် ဗျာ… ကိုန၇ီထက်

commentinfo By: genius.jinx28 at Dec 21, 2010
Comment #4

တောင်ပံမဲ့လိပ်ပြာ၊ ညီမလေးမြင့်မိုရ်၊ genius.jinx28

တို့ကို..

ကျေးဇူး အများကြီး တင်ပါတယ်…

ဆက်ပြီး ကြိုးစားနေမယ်…

ကိုနရီထက်

commentinfo By: နရီထက် at Dec 21, 2010
Comment #5

အကိုကြီးအရမ်းကိုတော်တယ်။အရမ်းကိုကောင်းပါတယ်။အဲ့အပိုဒ်လေးတွေကိုပိုပြီးကြိုက်တယ်။
(ရင်နာနာနှင့် အဝေးကို ထွက်ပြေးသွားချင်တယ်
ရူးတော့မလိုနှင့် အတောင်တွေကို ပွတ်သပ်ကြည့်တယ်
အားကုန်းယူလို့ အမြင့်ကို တက်ပျံခဲ့တယ်

လေဆန်ကြားမှာ ရင်ကိုခွဲ အတောင်တွေ ဆန့်လို့
မြင့်သထက်မြင့်အောင် ဆက်ပျံကြည့်တော့
ရင်နှင့်မပြည့ှ်မျှအောင် ခံစားချက်တွေ ပြည့်နှက်ခဲ့တယ်

ခရီးရောက်မတတ် အိမ်မက်တွေကြား
တိမ်လွှာတွေဘေးနား ငေးကြည့်မိတယ်
ခဏလေးနှင့်ပျောက်ကွယ်မယ့် ဝေဒနာတွေလား
တစ်ချက်တစ်ချက် ပြန်ပေါ်လာမယ့် ဒဏ်နာတွေလား။)ရယ်နောက်ထပ်
(အိမ်ပြေး ဌက်တစ်ကောင် မဟုတ်ခဲ့ပါ…
အမြင့်ဆုံးကို ပျံချင်လို့ ရူးသွပ်နေတာ မဟုတ်ခဲ့ပါ..
လေဆန်ကို ခွင်းပြီး တေလေဌက်တစ်ကောင်…
ဆက်ပျံသန်းခွင့်ရှိချိန်မှာလေး…
ရှေ့ဆက်ခရီး ဆက်ချင်နေတာ အသေအချာဆုံးပါ…)ဆိုတဲ့အပိုဒ်လေးတွေကိုပိုပြီးကြိုက်တယ်။

commentinfo By: 92icon at Dec 21, 2010
Comment #6

ညီလေး 92 icon

ကို ကျေးဇူးတင်ပါတယ်

commentinfo By: နရီထက် at Dec 21, 2010
Comment #7

ကောင်းတယ်ဗျာ ကျွန်တော်တိုလဲ ဘ၀ အတောင်မစုံသေးတဲ့ငှက်တွေပဲနော်

Comment #8

နရီထက် ရဲ့ စာသားတွေမှာ နိမိတ်ပုံတွေကို မကြည့်ဘဲ မြင်နေရတယ်။
ပန်းချီကား တစ်ချပ်လိုပါပဲ။

Comment #9

ဟုတ်ကဲ့ပါ…

ကျော်ဖုန်း(ရန်ကုန်) နှင့် လူမော်ငြိမ်း တို့ကို

ကျေးဇူးတင်ရှိသည်။

ကိုနရီထက်

commentinfo By: နရထက် at Dec 22, 2010
Comment #10

ကိုနရီထက်
လေးစားပါတယ်ဗျာ
ကျွန်တော်ကတော.တော်တော်သဘောကျမိတယ်ဗျာ
အကို.စာလုံးလေးတွေကရင်ထဲထိရောက်တယ်
ကောင်းပါတယ်ဆိုတာကတောင်နဲနဲညံ့နေဥိးမယ်
ကျွန်တော်ဖြတ်သန်းခဲ.ရတဲ.
ဖြတ်သန်းနေရတဲ.ဘ၀နဲ.ကတော.အံ့ကိုက်ပဲ
ကျွန်တော်10တန်းအောင်ကာစလောက်ကစပြိးကောင်မလေးတစ်ယောက်အတွက်ရူးသွပ်မှု.တွေနဲ.ကြိုးစားကြည်.တယ်အောင်မြင်ပါတယ်ဘ၀ကကျေနပ်မယ်ဆိုရင်ပေါ.လေ
ကို.ခြေထောက်ပေါ.ကိုရပ်တည်ပြိးနေရာတစ်နေရာတော.ရနေပါပြိ
သူနဲ.ကတော.အဆင်မပြေပါဘူး
တေလေဌက်တစ်ကောင်တော.ဖြစ်သွားတယ်
အကို.ကဗျာလေးဖတ်မိမျပြန်ပြိးငယ်ငယ်ကအကြောင်းတွေသတိရလာပြိ
လေးစားပါတယ်ဗျာ

commentinfo By: john at Dec 22, 2010
Comment #11

john ကို ကျေးဇူးတင်ရှိသည်။

ကိုနရီထက်

commentinfo By: နရီထက် at Dec 22, 2010
Comment #12

နရီထက် ရဲ့ စာသားတွေမှာ နိမိတ်ပုံတွေကို မကြည့်ဘဲ မြင်နေရတယ်။
ပန်းချီကား တစ်ချပ်လိုပါပဲ။
ကိုလူမော်ငြိမ်း လိုပဲ မြင်မိပါတယ်ဗျာ…
ကျေးဇူးပဲ ကိုနရီထက်ရေ…
ခံစားမှုလေးတွေ ခွဲဝေ ပေးလို့ပါ

commentinfo By: ic23u0 at Dec 24, 2010
Comment #13

သည်ကဗျာသည် မလေးရှားနိုင်ငံတွင်ထုတ်ဝေသော မြန်မာ့စတိုင်မ်ဂျာနယ် ဖေဖော်ဝါရီလထုတ် 2011 တွင် ဖော်ပြခြင်းခံရသည်။

commentinfo By: Nayihtet at Feb 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment