ခရမ်းလွန် အတ္တ – နရီထက်
ကြယ်တွေ ကြွေတတ်သလို
နှလုံးသားတွေလည်း ကြွေတတ်တယ်
သည်ရင်ဘတ်ကြီးကို ပွတ်သပ်ကြည့်တော့
အသက်ရှုသံတွေ ကျန်သေးတယ်
ပန်းတွေ မွှေးနေတဲ့အချိန်
ဌက်ကလေးတွေ ပျော်နေတတ်သလို
ပန်းတွေ ကြွေကျသွားတဲ့ အခါ
သူတို့လေးတွေ တေးမဆိုတတ်တော့ဘူး
ကောင်းကင်ကြီးက ဒူးထောက်တောင်းပန်တတ်လည်း
ပင်လယ်ပြာကြီးက ပြုံးမပြတတ်တာကွယ်
ကျောက်ဆောင်တွေ ငိုပြနေရင်တောင်
လှိုင်းဒဏ်တွေက ချော့မပြတတ်တာကွယ်
ချည်နှောင်ထားတဲ့ သံယောဇဉ်အကြီးကြီးက
အတ္တတွေကို ကွယ်လျှိုထားတယ်
နောက်ဆုံးတော့ စွဲလမ်းစိတ်တွေက
စိတ္တဇတဲ့လား….ကွယ်
မျက်ရည်ကျမပြတတ်တဲ့ မျက်ဝန်း…
နလုံးသားက သက်သေတည်တယ်
မကြေငြာတဲ့ စကားလုံး…
ဦးနှောက်က ကြားနာတယ်
သည်အရုပ်…နှင့်…. သည် နှလုံး
ဟန်လုပ်ကာ နေတတ်ကြပြီးလား…။ ။
နရီထက်
( ၀၁ ၊ စက်တင်ဘာ ၊ ၂၀၁၁ )
Comment #3
ကောင်းကင်ကြီးက ဒူးထောက်တောင်းပန်တတ်လည်း
ပင်လယ်ပြာကြီးက ပြုံးမပြတတ်တာကွယ်
ကျောက်ဆောင်တွေ ငိုပြနေရင်တောင်
လှိုင်းဒဏ်တွေက ချော့မပြတတ်တာကွယ်
ချည်နှောင်ထားတဲ့ သံယောဇဉ်အကြီးကြီးက
အတ္တတွေကို ကွယ်လျှိုထားတယ်
နောက်ဆုံးတော့ စွဲလမ်းစိတ်တွေက
စိတ္တဇတဲ့လား….ကွယ်…..အဲ့အပှဒ်လေးတွေကြိုက်တယ် ကိုကြိး အားပေးနေမယ်နော်
By: thuya at Sep 1, 2011
Comment #4
မျက်ရည်ကျမပြတတ်တဲ့ မျက်ဝန်း…
နလုံးသားက သက်သေတည်တယ်
မကြေငြာတဲ့ စကားလုံး…
ဦးနှောက်က ကြားနာတယ်
သည်အရုပ်…နှင့်…. သည် နှလုံး
ဟန်လုပ်ကာ နေတတ်ကြပြီးလား…။ ။
အရမ်းကောင်းတယ်အကိုကြီး…
By: myintmo at Sep 2, 2011




Comment #1
ချည်နှောင်ထားတဲ့ သံယောဇဉ်အကြီးကြီးက
အတ္တတွေကို ကွယ်လျှိုထားတယ်
နောက်ဆုံးတော့ စွဲလမ်းစိတ်တွေက
စိတ္တဇတဲ့လား….ကွယ်