Professional Authors

“ ကျွန်တော်တို့ ဘာတွေများ တွေးထားကြသလဲ ” ( လူမော်ငြိမ်း )

ဘဝရဲ့ကာလာက လောကနိယာမအရ

ဘယ်တော့မှ ညီမျှမှာ မဟုတ်ဘူးဆိုတာ သိပါတယ် ။

ကမ်းထားတဲ့ လက်တွေထက် ဖိနှိပ် ထိုးနှက်ချက်တွေကိုသာ မြင်နေရတော့

ဆေးရောင်လှလှ ခြယ်ပေးချင်စိတ်က ဘယ်လိုမှ ထိန်းမရဘူး ။

ဘယ်လောက် တတ်သလဲ ဆိုတာထက်

ဘယ်မှာ တက်သလဲ ဆိုတာက ပထမလား ။

မယောင်ရာ ဆီလူးကြည့်တော့ ဘာထူးလာသလဲ ။

ခေတ်မီမီ ကမ္ဘာကြည့် ကြည့်တတ် ၊ မြင်တတ်ဖို့ မလွယ်လိုက်ပုံများ

ပြောကို မပြောချင်တော့ပါဘူး … ဆရာ မြို့မငြိမ်းရယ် ။

ခေတ်ကိုက တွန်းတွန်း တိုက်တိုက်ခေတ် တဲ့ …

အပေါ်နဲ့ အောက်ကလွဲရင် ကျန်တာတွေကို မမြင်ရဘူး ။

သတင်းအချက်အလက်နဲ့ နည်းပညာဆိုတဲ့ စကားလုံးကို

လယ်ကွင်းနဲ့ ကမ်းနားတွေမှာ မကြားရဘူး ။

ဘာတွေပဲ ဖွဲ့နေနေ ၊ ဘာတွေပဲ လုပ်မယ်ပြောပြော

OLPC * နဲ့ ထုတ်တဲ့ အိန္ဒိယက ၃၅ ဒေါ်လာတန် ကွန်ပျူတာက

ပန်းရောင်းတဲ့ ကလေးငယ်တစ်ယောက်ရဲ့ နေ့အိပ်မက်မှာ ပါခွင့်ရှိလို့လား။

လူကို ကူညီမယ့် လူတွေ …  အရောင်ထွက်လာတာကိုပဲ တွေ့နေရတယ်။

လမ်းပေါ်က ကလေးငယ်တွေက လမ်းပေါ်မှာပဲ …

ကြယ်မြင် လမြင် တဲလေးတွေက တိုက်ဖြစ်မလာကြဘူး ။

ကမ္ဘာကို ပြားစေမယ့် အင်တာနက်ကဖေးဆိုတာ ဘာလေးလဲ …

နှစ်စဉ်ကြေး ၁၅ဝဝ မရှိလို့ စာကြည့်တိုက်က အသိဥာဏ်တွေ အိမ်ကို လိုက်ခွင့်မရကြဘူး ။

မရှိတာ ၊ မသိတာတွေထက် … သိသွားတာက ( ဒီနေ့အတွက် ) ပိုခက်လာတယ် ။

.

ပျံချင်တဲ့ ကလေးတွေကို အတောင်တပ်ပေးကြပါ …

စိတ်ဓာတ်ဆိုတာ ကျိုးလွယ် ပျက်လွယ် မဟုတ်ရပါဘူး ။

ပျံချင်တဲ့ ကလေးတွေကို အတောင်တပ်ပေးကြပါ …

စိတ်ဓာတ်ဆိုတာ ချိုးလွယ် ဖျက်လွယ် မဟုတ်ရပါဘူး ။

ဘ၀ရဲ့ကာလာက လောကနိယာမအရ

ဘယ်တော့မှ ညီမျှမှာ မဟုတ်ဘူးဆိုတာ သိပါတယ် ။

ဒါပေမယ့်လည်း …

ကမ်းထားတဲ့ လက်တွေထက် ဖိနှိပ် ထိုးနှက်ချက်တွေကိုသာ မြင်နေရတော့

( ဖြစ်နိုင်ရင်လေ ) …

ကလေးတွေရဲ့ ခေါင်းတွေပေါ်ကို

ပန်းသီးနီ လှလှတွေ ( အညီအမျှ ) ကြွေကျလာစေချင်ပါတယ်ဗျာ ။

( ကျေးဇူးပြု၍ ) …

မဖြစ်နိုင်ဘူးလို့တော့ မပြောလိုက်ကြပါနဲ့ ။

လူမော်ငြိမ်း

Sunday , December 19 , 2010

 

In: ကဗျာ Posted By: Date: Dec 19, 2010
Comment #1

OLPC * = One Laptop Per Child .

Comment #2

ဘာတွေပဲ ဖွဲ့နေနေ ၊ ဘာတွေပဲ လုပ်မယ်ပြောပြော

OLPC * နဲ့ ထုတ်တဲ့ အိန္ဒိယက ၃၅ ဒေါ်လာတန် ကွန်ပျူတာက

ပန်းရောင်းတဲ့ ကလေးငယ်တစ်ယောက်ရဲ့ နေ့အိပ်မက်မှာ ပါခွင့်ရှိလို့လား။

လူကို ကူညီမယ့် လူတွေ … အရောင်ထွက်လာတာကိုပဲ တွေ့နေရတယ်။

လမ်းပေါ်က ကလေးငယ်တွေက လမ်းပေါ်မှာပဲ …

ကြယ်မြင် လမြင် တဲလေးတွေက တိုက်ဖြစ်မလာကြဘူး ။

ကမ္ဘာကို ပြားစေမယ့် အင်တာနက်ကဖေးဆိုတာ ဘာလေးလဲ …

နှစ်စဉ်ကြေး ၁၅ဝဝ မရှိလို့ စာကြည့်တိုက်က အသိဥာဏ်တွေ အိမ်ကို လိုက်ခွင့်မရကြဘူး ။

မရှိတာ ၊ မသိတာတွေထက် … သိသွားတာက ( ဒီနေ့အတွက် ) ပိုခက်လာတယ် ။

.

ပျံချင်တဲ့ ကလေးတွေကို အတောင်တပ်ပေးကြပါ …

စိတ်ဓာတ်ဆိုတာ ကျိုးလွယ် ပျက်လွယ် မဟုတ်ရပါဘူး ။

ကောင်းပါသည်။

commentinfo By: နရီထက် at Dec 20, 2010
Comment #3

ကောင်းတယ် ကိုလူမော်ငြိမ်းရေ…. ကျွန်တော်တို့လည်း မျှော်လင့်ပါတယ်ဗျာ…. ကံကောင်းပါစေဗျာ

Comment #4

ခေတ်ကိုက တွန်းတွန်းတိုက်တိုက်ခေတ် တဲ့ …

အပေါ်နဲ့အောက်ကလွဲရင် ကျန်တာတွေကို မမြင်ရဘူး ။

သတင်းအချက်အလက်နဲ့ နည်းပညာဆိုတဲ့ စကားလုံးကို

လယ်ကွင်းနဲ့ ကမ်းနားတွေမှာ မကြားရဘူး ။

ဘာတွေပဲ ဖွဲ့နေနေ ၊ ဘာတွေပဲ လုပ်မယ်ပြောပြော

OLPC * နဲ့ ထုတ်တဲ့ အိန္ဒိယက ၃၅ ဒေါ်လာတန် ကွန်ပျူတာက

ပန်းရောင်းတဲ့ ကလေးငယ်တစ်ယောက်ရဲ့ နေ့အိပ်မက်မှာ ပါခွင့်ရှိလို့လား။

လူကို ကူညီမယ့် လူတွေ … အရောင်ထွက်လာတာကိုပဲ တွေ့နေရတယ်။

လမ်းပေါ်က ကလေးငယ်တွေက လမ်းပေါ်မှာပဲ …

ကြယ်မြင် လမြင် တဲလေးတွေက တိုက်ဖြစ်မလာကြဘူး ။

ကမ္ဘာကို ပြားစေမယ့် အင်တာနက်ကဖေးဆိုတာ ဘာလေးလဲ …

နှစ်စဉ်ကြေး ၁၅ဝဝ မရှိလို့ စာကြည့်တိုက်က အသိဥာဏ်တွေ အိမ်ကို လိုက်ခွင့်မရကြဘူး ။

မရှိတာ ၊ မသိတာတွေထက် … သိသွားတာက ( ဒီနေ့အတွက် ) ပိုခက်လာတယ် ။

ပြောစရာကိုမရှိတဲ့ ကဗျာလေးပါဗျာ…ကောင်းပါတယ် ကိုလူမော်ငြိမ်းရေ….
ကျေးဇူးလဲတင်ပါတယ်ဗျာ…ဖတ်ရတဲ့ရင်ထဲမှာ အရသာတခုခု ချန်ထားပေးခဲ့လို့ပါ….

commentinfo By: ic23u0 at Dec 20, 2010
Comment #5

ic23u0 , butterfly (တောင်ပံမဲ့ လိပ်ပြာ) , နရီထက် စတဲ့
စာသားတွေကို ရင်ဘတ်နဲ့ ဖတ်ပေးကြတဲ့ သူတွေ အားလုံးကို
( အထူး ကျေးဇူးတင်ပါတယ်ဗျာ ) …

Comment #6

ခေတ်မီမီ ကမ္ဘာကြည့် ကြည့်တတ် ၊ မြင်တတ်ဖို့ မလွယ်လိုက်ပုံများ

ပြောကိုမပြောချင်တော့ပါဘူး … ဆရာ မြို့မငြိမ်းရယ် ။

အဲဒီစာသားလေးတော်တော်သဘောကျတယ်…

commentinfo By: နော်ဧရာဝတီ at Dec 21, 2010
Comment #7

“ဘ၀ရဲ့ကာလာက လောကနိယာမအရ´´တဲ့
တော်တော်ကောင်းတဲ့ ပညာပေးလေးပဲ
5 မိနစ်လောက်ကို
အချိန်ယူ ဖတ်သွားတယ်နော်

commentinfo By: မင်းခန့်သူ at Dec 22, 2010
Comment #8

အချိန်ယူပြီး
အကောင်းဆုံး Comment တွေ
ပေးသွားကြတဲ့
နော်ဧရာဝတီ နဲ့ မင်းခန့်သူ ကို
(အထူး ) ကျေးဇူးတင်ပါတယ်။

Comment #9

ပျံချင်တဲ့ ကလေးတွေကို အတောင်တပ်ပေးကြပါ …

စိတ်ဓာတ်ဆိုတာ ချိုးလွယ် ဖျက်လွယ် မဟုတ်ရပါဘူး ။
ဆို တဲ့စာသားလေး နဲ့ တင် ကဗျာ က ပြည့် စုံ သွားပြီ…..ကြိုက် တယ်…copy ကူး လိုက် ပြီ

commentinfo By: Demon 13 at Jan 8, 2011
Comment #10

share ခွင့်ပြုပါ။

commentinfo By: dan at Jan 8, 2011
Comment #11

လာရောက် ဖတ်ရှုပေးတဲ့
Demon & Dan ကို ကျေးဇူးတင်ပါတယ် ။

Comment #12

ကျွန်တော့် ရေးသမျှ စာသားတွေဟာ
စားသုံးသူ အားလုံးအတွက်ပါ ။

ကိုယ်ပိုင်အချိန်လေးတွေကို ဖဲ့ပေးပြီး
ဝေမျှပေးကြမယ်ဆိုရင် အတိုင်းထက် အလွန်ပါပဲ ။

Comment #13

ကောင်း လိုက် တာ ………..

commentinfo By: Kyi Thar at Feb 27, 2011
Comment #14

ကျေးဇူးတင်ပါတယ် ကို ကြည်သာ ။
အချိန်များ ပေးနိုင်ခဲ့ရင်
အိပ်မက်တွေကို ဝေမျှပေးပါဦး ။

Comment #15

ဘ၀ရဲ့ကာလာက လောကနိယာမအရ

ဘယ်တော့မှ ညီမျှမှာ မဟုတ်ဘူးဆိုတာ သိပါတယ် ။

ကမ်းထားတဲ့လက်တွေထက်

ဖိနှိပ်ထိုးနှက်ချက်တွေကိုသာ မြင်နေရတော့

ဆေးရောင်လှလှခြယ်ပေးချင်စိတ်က ထိန်းမရဘူး ။

ဘယ်လောက် တတ်သလဲ ဆိုတာထက်

ဘယ်မှာ တက်သလဲ ဆိုတာက ပထမလား ။

မယောင်ရာ ဆီလူးကြည့်တော့ ဘာထူးလာသလဲ ။

ကျမတို့ဘာတွေများ တွေးထားကြပါလိမ့် / တွေးနေကြပါလိမ့် .. ????

commentinfo By: Shwe Ngar at Apr 6, 2011
Comment #16

တွေးပြီးရင်လည်း
တစ်ခုခု ပြန်ရေးလိုက်ပါဦး Shwe Ngar ရေ ။
ဖတ်ရှုအားပေးဖို့ အဆင့်သင်ပါ ။
မှတ်ချက်တွေ အတွက် ကျေးဇူးတင်ပါတယ် ။

Comment #17

ကိုလူမော်ငြိမ်းေ၇ ဒီကဗျာလေး ခဏငှားသွားတယ်နော် ဟိုဖက်ရွာမှာ သွားကြွားမလို့
ထပ်ရှယ်သွားတယ်လို့ပြောတာပါ ၇တယ်…ဟုတ်။

commentinfo By: dan at Apr 19, 2011
Comment #18

poem kg tal 😀

commentinfo By: Mikyae at Apr 19, 2011
Comment #19

ကဗျာဆရာ ( ကျွန်တော်ကတော့ စာရေးသူနော် ) ဆိုတာ
ပရိသတ်နဲ့ စိတ်ဓာတ်ရှိမှ ဖြစ်တာပါ ။

ရပါတယ် … Dan ရယ်
ကျွန်တော်က ကျေးဇူးတောင် တင်ရဦးမှာ ။

Comment #20

Mikyae ကဗျာတွေကိုလည်း ဖတ်ပြီးသွားပါပြီဗျာ ။

Comment #21

Mikyae ကျေးဇူးပါ ။

Comment #22

နှစ်စဉ်ကြေး ၁၅ဝဝ မရှိလို့ စာကြည့်တိုက်က အသိဥာဏ်တွေ အိမ်ကို လိုက်ခွင့်မရကြဘူး ။

မရှိတာ ၊ မသိတာတွေထက် … သိသွားတာက ( ဒီနေ့အတွက် ) ပိုခက်လာတယ် ။
(Nice..!!! 🙂 ဖတ်ရတာ တကယ်အဓိပ္ပါယ်ရှိတယ်..)

commentinfo By: ငယ်လေး at May 30, 2011
Comment #23

ကျေးဇူးပါ … မငယ်လေး ရေ ။

Comment #24

ကောင်းတယ်ဗျာ တော်တော် ကောင်းတယ် မိနစ် 30 အချိန်ယူ ဖတ်သွားတယ် ( လိုင်းမကောင်းလို့)

commentinfo By: မင်းခန့်သူ at Jun 8, 2011
Comment #25

i like this 🙂

Comment #26

နှစ်သက်စွာအားပေးသွားပါတယ်ခင်ဗျာ..ရေးတတ်လွန်းပါတယ်

commentinfo By: အသဲကွဲမိုး at Mar 19, 2012
Comment #27

kyike hnit tet swar arr pay twar par d,

commentinfo By: ei lay at Mar 19, 2012
Comment #28

ဘယ်လောက် တတ်သလဲ ဆိုတာထက်
ဘယ်မှာ တက်သလဲ ဆိုတာက ပထမလား ။
မယောင်ရာ ဆီလူးကြည့်တော့ ဘာထူးလာသလဲ ။

ကလေးတွေရဲ့ ခေါင်းတွေပေါ်ကို
ပန်းသီးနီ လှလှတွေ ( အညီအမျှ ) ကြွေကျလာစေချင်ပါတယ်ဗျာ ။

ကိုလူမော်ငြိမ်းရဲ့ ကဗျာတွေက ကောင်းလွန်းတော့ ကဗျာတိုင်းလိုလိုကို နှစ်သက်ပါ၏။း)

commentinfo By: kyaytawthu at Mar 17, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment