Professional Authors

တနင်္လာသံ ( လူမော်ငြိမ်း )

ကျွန်တော့်ကို ဆဲပါ ။
ခင်ဗျား ပါးစပ်က အသံပူကို
လေပြေတွေက အေးမြစေမယ် ။
ဘဝဆိုတဲ့ ကျောင်းမှာ
စိတ်ဓာတ်ပြည့်ဝမှု ကို
ဂရုတစိုက် သင်ကြားခဲ့ ။
လော်ဂျစ်ကယ်နည်း အရ
အမုန်းမှာ ချစ်ခြင်းတွေ မမဲ့ပါဘူး ။
စိတ်ချ … မနက်ကနေ ညအထိ
ခင်ဗျား စိတ်ထဲမှာ ကျွန်တော် ရှိနေမယ် ။

လူမော်ငြိမ်း
Thursday , May 26 , 2011

In: ကဗျာ Posted By: Date: May 26, 2011
Comment #1

ဝိုးးးးးးးးးးးးးးး …ဒါကတော့ တို့အစ်ကိုကြီးလူမော်ငြိမ်းရဲ့ပေါက်ကွဲသံစဉ်ကွ .. 😀
အမုန်းမှာ ချစ်ခြင်းတွေ မမဲ့ပါဘူး ။
စိတ်ချ … မနက်ကနေ ညအထိ
ခင်ဗျား စိတ်ထဲမှာ ကျွန်တော် ရှိနေမယ် ။
ဟားဟား..တစ်စုံတစ်ယောက်ကိုတောင် သွားသတိရမိပြီ .. 😛

commentinfo By: ရွှေငါး at May 30, 2011
Comment #2

ဟုတ်ကဲ့ … ကျွန်တော့်က ချစ်ပေမယ့်
ကျွန်တော်ကို မုန်းတဲ့သူတွေ အတွက်ပါ ။
မရွှေငါးက နှစ်သက်တယ်ဆိုလို့ ဝမ်းသာမိပါတယ် ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment