Professional Authors

အဖြူရောင် ဖြစ်တည်မှု ( လူမော်ငြိမ်း )

စိတ်ထဲမှာ ရှိတာကို
စိတ်ထဲမှာ သိအောင်
လုပ်ရတာ မလွယ်ပါဘူး ။

မြင်စေ ကြားစေချင်တဲ့ အရာကို
မြင်အောင် ကြားအောင်
လုပ်တတ်ဖို့လည်း ခက်တယ် ။

ကောင်းကင်ကို ဖွင့်ထားတုန်းမှာ
“ ဖျတ် ” ခနဲ … လွင့်လာတဲ့ အလင်းပွင့်လိုပဲ ။

စာတစ်လုံး ဖြစ်လာဖို့ထက်
စာတစ်အုပ် ပစ်ရဖို့က ပိုသေချာတယ် ။

ကဗျာရေးလို့ ထမင်းမစားရဘူးဆိုရင်
ထမင်းစားဖို့ ကဗျာရေးနေတာ မဟုတ်ဘူးလို့
ပြောဖြစ်အောင် ပြောလိုက်ကြစမ်းပါ ။

အနုပညာဆိုတာ
ရာသီပေါ်သီးနှံ မဟုတ်ရပါဘူး ။

 

လူမော်ငြိမ်း
Wednesday , March 02 , 2001

 

 

 

In: ကဗျာ Posted By: Date: Mar 2, 2011
Comment #1

ကောင်းတယ်ဗျာ

ဆယ့်နှစ်၇ာသီ ပေါ်လေး ပဲ ဖြစ်စေချင်ပါတယ်။

commentinfo By: dan at Mar 2, 2011
Comment #2

ကိုလူမော်ငြိမ်း ကဗျာတွေကို စောင့်မျှော်နေပါသော
Dan

commentinfo By: dan at Mar 4, 2011
Comment #3

စိတ်ထဲမှာ ရှိတာကို
စိတ်ထဲမှာ သိအောင်
လုပ်ရတာ မလွယ်ပါဘူး ။

အဲဒီ နေရာလေး ခိုက်တယ်ဗျာ . . . ။

commentinfo By: nanpyisoke at Mar 5, 2011
Comment #4

စာတစ်လုံး ဖြစ်လာဖို့ထက်
စာတစ်အုပ် ပစ်ရဖို့က ပိုသေချာတယ် ။
သိပ်မှန်တယ်..စာတစ်လုံးကြောင့် စာတစ်ပုဒ်လုံးလဲပစ်ရတယ်…။

commentinfo By: Shwe Ngar at Apr 6, 2011
Comment #5

လှတယ်ဗျာ … ပြောသွားတာ
ကျွန်တော်လည်း Shwe Ngar ပြောမှ
စာတစ်လုံးကြောင့် စာတစ်ပုဒ်လုံး ပစ်လိုက်ရတာတွေကို မြင်မိတယ် ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment