Professional Authors

ရုန်းချိန် ( လူမော်ငြိမ်း )

 

ပြောစမ်း … ထင်နေတာတွေကို ဘယ်သူ အစိုးရလဲ ။
မနေ့ညက ရင်တွေပူနေလို့ တော်တော်နဲ့ အိပ်လို့မရဘူး ။

ခရီးတစ်ခုအတွက် စောင့်တုန်းကတော့ အတူတူ …
တက်ခါနီးမှ တွန်းချတာ ဟောဒီအရပ်က လူ့သဘာဝလား ။

ချိုသာတဲ့အပြုံး အားလုံးကလည်း
အကျိုးအမြတ်ကို စားသုံးပြီးချိန်မှာ
တဖြုတ်ဖြုတ် ကွာကျလာကြတယ် ။

အမှတ်တရ ကောက်သိမ်းလာခဲ့တာ
အခုဆို ရင်ဘတ်တစ်ခုစာ မကတော့ပါဘူး ။

အားလုံးသဘောတူတယ်ဆိုရင်
လောကနီတိနဲ့ မေတ္တသုတ်ကို
ကျောင်းသုံးစာအုပ်မှာ မှတ်မှတ်ရရ သုံးရမယ် ။

ကျွန်တော်တို့ကတော့ ရှိပါစေတော့ …
အနာဂါတ်ရဲ့ စိတ်ဓာတ်တွေမှာ
ပိုးထိုးလောက်ကိုက်တွေ ကင်းစေချင်တယ် ။

ဒီလိုမျိုးတွေချည်း ပြောနေတော့လည်း
အမှတ်ပေးဇယားထဲမှာ ကျွန်တော့်ကို အရူးလို့ခေါ်ကြတယ် ။
အင်းပေါ့လေ … ခင်ဗျားကတော့ ထူးချင်ထူးနေမှာပေါ့ ။

မြူတွေက ဆိုင်းနေတော့
လူတိုင်း ကိုယ့်ကိုယ်ကို အမှန်အတိုင်း မမြင်ရဘူး ။

ဟော … … … ဟိုမှာ ကားတစ်စီးလာနေပြီ ထင်ပါရဲ့
နောက်တက်မယ့် ကလေးတွေကို နေရာပေးလိုက်ကြပါ ။

ဟုတ်လား … မနက် ကိုးနာရီမှာ အတ္တတွေ နိုးထတယ် ။

 

လူမော်ငြိမ်း
Friday , April 08 , 2011

 

 

In: ကဗျာ Posted By: Date: Apr 8, 2011
Comment #1

ဟော … … … ဟိုမှာ ကားတစ်စီးလာနေပြီ ထင်ပါရဲ့
နောက်တက်မယ့်ကလေးတွေကို နေရာပေးလိုက်ကြပါ ။
တက်ချင်တဲ့သူလဲရှိအုံးမှ..နော့်

commentinfo By:ှ့Shwe Ngar at Apr 9, 2011
Comment #2

ဟုတ်ပါရဲ့ဗျာ … Shwe Ngar က မြင်တတ်လိုက်တာ ။

Comment #3

အားပေးသွားတယ်ဗျို့
ဒီမှာတော့ နေ့စဉ် မနက်၈နာ၇ီမှာ အတ္တတွေနိုး၏။

commentinfo By: dan at Apr 19, 2011
Comment #4

ခရီးတစ်ခုအတွက် စောင့်တုန်းကတော့ အတူတူ …
တက်ခါနီးမှ တွန်းချတာ ဟောဒီအရပ်က လူ့သဘာဝလား ။

commentinfo By: မယ်မနော at Apr 24, 2011
Comment #5

Dan က တော်ပါသေးတယ် ။

ကျွန်တော်ဆို မနက် ၆ နာရီကတည်းက
အတ္တတွေ လမ်းထလျှောက်တာကို တွေ့နေရတယ် ။
မနေချင်လည်း တစ်လှေတည်းစီးနေရတာကိုးဗျ … စိတ်ညစ်ရတယ် ။

Comment #6

ဟုတ်ပါ့ မယ်မနော ရေ …

ကျွန်တော်ဆို ခံရတာ ခဏ ခဏ ပဲ
လူတွေ စိတ်က ထင်သလောက် မလှပဘူးဗျ ။

Comment #7

ဟော … … … ဟိုမှာ ကားတစ်စီးလာနေပြီ ထင်ပါရဲ့
နောက်တက်မယ့် ကလေးတွေကို နေရာပေးလိုက်ကြပါ ။

ဟုတ်လား … မနက် ကိုးနာရီမှာ အတ္တတွေ နိုးထတယ် ။

ခိုက်တယ်ဗျို့

commentinfo By: အသဲကွဲမိုး at Dec 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment