Professional Authors

“ ခင်ဗျား … ဖတ်ဖို့ ” ( လူမော်ငြိမ်း )

ဘယ်ဟာက အမှန်
ပြီးတော့ ဘယ်ဟာက အမှား ။

လောကနီတိဆိုတာ …
တုတ်တစ်လှည့် ၊ ဓားတစ်လှည့် သုံးရတဲ့
စေတနာ မဟုတ်ပါဘူး ။

ခင်ဗျား ရေးခဲ့တဲ့ ဒိုင်ယာရီမှာ
ကြက်ခြေခတ်တွေ … ရှိခဲ့ဖူးသလို

ခင်ဗျား သုံးခဲ့တဲ့ ခဲတံမှာလည်း
ခဲဖျက် … ပါခဲ့ဖူးတာပဲ ။

လူတစ်ယောက်ရဲ့ အနာဂါတ်ကို
လမ်းပြမယ်ဆိုရင်

ကိုယ့်ရဲ့ အတိတ်ကို
ဘယ်တော့မှ အမှောင်မချရဘူး ။

ဘဝ ဆိုတဲ့ စာမေးပွဲမှာ
အသိနဲ့ သတိရှိရင်
လူတွေအားလုံး မှားလို့ရတယ် ။

ဘာတွေများ မျှော်လင့်နေကြတာလဲ ။

 

လူမော်ငြိမ်း
Friday , February 25 , 2011

 

 

In: ကဗျာ Posted By: Date: Feb 25, 2011
Comment #1

လူတစ်ယောက်ရဲ့ အနာဂါတ်ကို
လမ်းပြမယ်ဆိုရင်

ကိုယ့်ရဲ့ အတိတ်ကို
ဘယ်တော့မှ အမှောင်မချရဘူး ။

ဒီလောက်ကောင်းတဲ့ ကဗျာကို ဘာလို့ ဘယ်သူမှ comment မပေးကြတာလဲ . . .

commentinfo By: nanpyisoke at Feb 26, 2011
Comment #2

ကို Nan Pyi Soke ပေးတဲ့
Comment တစ်ခုနဲ့ တင်
( အတိုင်းထက် အလွန် ) ပြည့်စုံ နေပါပြီ လေ ။

Connection မကောင်းတဲ့ကြားက
အားပေးသွားတာ ကျေးဇူးပါ ။

Comment #3

ကျနော်တခြားရွာ ခဏ အလည်သွားနေလို့ ပါ ။

ကိုလူမော်ငြိမ်းရဲ့ ကဗျာတွေကို အားပေးနေတဲ့
Dan

commentinfo By: dan at Mar 2, 2011
Comment #4

ကိုလူမော်ငြိမ်း၇ဲ့ ကဗျာတွေ စာအုပ်လေးထုတ်ပြီး သိမ်းထား၇ကောင်းမယ်
စာအုပ်ထုတ်တာရှိ၇င် တော့ အကြောင်းကြားပေးပါနော်
သိမ်းထားချင်လို့ ပါ

တန်ဖိုးရှိ လို့ ပါ။
မင်္ဂလာပါ ကိုလူမော်ငြိမ်းေ၇။

commentinfo By: dan at Mar 18, 2011
Comment #5

ိdan ပြောသလောက်တော့
ကိုယ့်ကိုယ်ကို မပြည့်သေးဘူး ထင်ပါတယ် ။

စေတနာနဲ့ နေရာကို ပြဌာန်းပေးတဲ့
dan ကို
အတိုင်းထက် အလွန်ကျေးဇူးတင်ပါတယ် ။

တကယ်တမ်းကျတော့
ကျွန်တော်က dan တို့လို
ဒီ site က Blogger တွေကို
ကြိတ်ပြီး အားကျနေရတဲ့သူပါ ။

အနုပညာကို
ကျောကုန်းဗွက်ပေါက်ခံပြီး ချစ်ခဲ့ရတဲ့ဘ၀မှာ
အသိဥာဏ်တွေ အလုပ်လုပ်နေသေးသ၍
တွေးစရာတွေ … ရေးစရာတွေ ကျန်နေပါသေးတယ် ။

Comment #6

အရမ်းကောင်းတဲ့ ကဗျာလေးကိုကျမလဲဖတ်သွားတယ်.. ဖြစ်နိုင်ရင်အောက်ဆုံးက comment လေးကိုတောင် like လုပ်ချင်သေးတယ်… အားပေးနေပါတယ်..။ Like … 🙂

commentinfo By: Shwe Ngar at Apr 6, 2011
Comment #7

ဟုတ်ကဲ့ပါ … Shwe Ngar
လက်ခုပ်သံတွေ ဂုဏ်မပျက်ရအောင်
ကျွန်တော် ဆက်ပြီး ထိန်းသိမ်းသွားပါ့မယ် ။
အားပေးမှုကို ကျေးဇူးတင်ပါတယ် … ။

Comment #8

ကြက်ခြေခတ်တွေ တန်ဖိုး နားလည်တဲ့အထိ ဆက်မှားခွင့်ရှိတယ် …

commentinfo By: mikyae at Aug 2, 2011
Comment #9

super like,
😛

commentinfo By: ei lay at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment