Professional Authors

အမေ့ထံသို့ တမ်းချင်း (၂)

အမေ့ထံသို့ တမ်းချင်း (၂)
ဟဲ့သား!…..တရှူံ့ ၊ ရှူံ့နဲ့
နှာစေးနေရင် ဆေးသောက်ပီးမှအိပ်လေ
ဟုတ်ကဲ့ အမေ!……
အက်ကွဲသံတွေမပါအောင် ထိန်းကာပြောရ…..။

ဟဲ့သား!…..တရှူံ့ ၊ ရှူံ့နဲ့
နှာစေးတာမပြောက်လဲ
မနက်လင်းအားကြီးပေါ့ ထတော့လေ
ဟုတ်ကဲ့ပါ အမေ!…….
ရှိုက်ငင်သံတွေမပါအောင် ထိန်းကာပြောရ…..။

ဒါပေမရ့်……အမေ
ဒီရင်ထဲက လှိုက်ပင့်တက်လာတဲ့
ရှိုက်ငင်သံတွေက ဆေးသောက်လို့ မတိတ်ဘူးအမေ
မွန်းကျပ် ပြည့်သိပ်နေတဲ့ ဒဏ်ရာတွေကြေင့်
ကျွန်တော့်ရင်ထဲ အရမ်းနာတယ် အမေ
မျက်ရေနဲ့မျက်နှာသစ်ရတဲ့ ဘ၀ကြီးမှာ
မိုးချုပ်မှာနဲ့ မိုးလင်းမှားတောင်ကြောက်နေမိတယ် အမေ
ဒါတွေကို အမေသိရင် ရင်ကျိုးမှာစိုးလို့
သားတော်မောင် ၀ါးမျိုကာသိပ်ထားရင်းက
တရှူံ့ ၊ ရှူံ့ နဲ့ ။ ။ ။ ။
ဘယ်မျက်ခုံးလယ် စွန်ဆုံးမှာတဲ့
မှဲ့ပါရင်လေ သောက်ဖြုန်းကာ
ကစားမက်ပါလို့ သတ်ထားငယ်အိမ်သူကို
သည်လိုလူ တန်ဖိုးရယ်မထားတဲ့
ကျမ်းဂန်လာ စာစကားပေမယ့်
တစ်ချိန်က ကျွန်တော် ဟားတိုက်ခဲ့ဘူးတယ် အမေ….။။။။

ကမ်ဘာကျော် လူမိုက်ကြီးတွေတောင်
အချစ်ကြောင့် ပြောင်းလဲ
ဘ၀သစ်တစ်ဖန် မွေးဖွားကြတယ်တဲ့……

ဒါပေမယ့်…..အမေ
အချစ်ကြောင့်ပြောင်းလဲ
လူမိုက်ကြီး ဘ၀ရောက်အောင်
တွန်းပို့ ခံလိုက်ရတာ ကျွန်တော်ပါ အမေ……

တခြားလူရေးထားတာဆိုရင် သောက်ပိုကြီးတွေပါ ကွာလို့
နှစ်ခါလောက် ဆင့်ပီး ပြစ်ပြစ် နှစ်နှစ် ကြီးကို ပြောပစ်လိုက်ချင်တယ်….
နေ့သစ်
16.12.2010
10.30.pm to 12am…..

In: ကဗျာ Posted By: Date: Dec 19, 2010
Comment #1

နေ့သစ်ရေး…. ကဗျာလေးက ရသတစ်မျိုးလေးဗျ။ လူမိုက်ကြီးတစ်ဖြစ်လဲ အသဲကွဲသမားကြီးရေ။ ကဗျာလေးကောင်းတယ်ဗျ။ရင်တွင်းခံစားချက်မို့ထင်ပါ့။ အားပေးသွားတယ်ဗျာ။

commentinfo By: moezat at Dec 19, 2010
Comment #2

ကိုနေ့သစ်ရေ…အမေ့ထံသို့တမ်းချင်း (၂) က.. တစ်လိုမဟုတ်ဘူးနော်.. အမေ့တွက်သက်သက်မဟုတ်သလိုဘဲနော်..တခြားဘက်ကိုရောက်သွားသလိုပဲ…[အဲ..ကိုယ်ကသာဘာမှမရေးတက်တာ].. ဒါပေမဲ့ခံစားမိတာကိုပြောပါတယ် .. 😀

commentinfo By: ရွှေငါး at Dec 20, 2010
Comment #3

မရွှေငါးပြောတာ ထောက်ခံတယ်ဗျာ …. ဒါပေမယ့်လည်း ကောင်းပါတယ်…ခေါင်းစဉ်နဲ့ သိပ်မကိုက်ဘူးဖြစ်နေတယ်

Comment #4

1.ဟုတ်ကဲ့ တစ်ခုခု ဖြစ်တိုင်း တမိတာ
မြတ်စွာဘုရားသခင် ရယ်
အမေရယ်….
ချစ်သူရယ်…ပါ
ဒါပေမယ့် အခုတလော…ချစ်သူရယ်လို့ …..
မတမိတာတောင်ကြာပါပီကော….
2……ဟုတ်ကဲ့ပါ မရွှေငါး နဲ့ မမဘတ်(butterfly) အခုနောက်ပိုင်း ကဗျာတွေက
သူငယ်ချင်းတွေကို အရင်ပေးမဖတ်စေပဲ Online ပေါ်တန်းတင်တာဆိုတော့
လိုအပ်နေတာလေးတွေ ရှိနေမှာပါ….ကျေးဇူးပါနော် ဝေဖန်ပေးလို့
(စာကြွင်း…. အရင်ကဗျာတွေက သူငယ်ချင်းတွေနဲ့ တိုင်ပင် Edit လုပ်ပီးမှ
Online တင်တာပါ…..)
3.ဟုတ်ကဲ့ပါ ကိုမိုးဇတ်….ရင်နဲ့ မဆံ့ မချိအောင် ခံစားနေ ရတဲ့ အကြောင်းတွေကိုပဲ
ရေးမိနေ လို့……..တဖြေးဖြေးနဲ့ Realism ဆန်လာတယ်….

commentinfo By: nate thit(နေ့သစ်) at Dec 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment