Professional Authors

တမ်းချင်း

အများပြောသလို

အဝေး အိမ်တံခါးဝကို

အိမ်မက် တံခါးဝ က နေ

ငေးကြည့်ဖူးတယ်။

 
ဖီးကြမ်း ငှက်ပျောသီးနဲ့

ထမင်းရည် ဆားခပ်သောက်ရတာ

သေမလောက် ကြိုက်တဲ့ကောင်။

 

မာကလာပင် ပေါ်ထိုင်ရတာလည်း

အိမ်မှာနေရတာထက်

ပိုခုံမင်တဲ့ကောင်။

 

အပေါင်းအသင်းတွေနဲ့

လက်ဖေ့ရည်ဆိုင်ထိုင်ပြီး

ယုတ်မာတဲ့ လောကကြီးကို

စိန်ခေါ်တတ်လာအောင် သင်ယူခဲ့ဖူးတယ်။

 

အိမ်မက်တွေ

ကုတင်ပေါ်က ပြုတ်ကျတိုင်းလည်း

ကြောက်လန့်တကြား

လိုက်လိုက်ကောက်တတ်သေးတယ်။

 

ကလေး ဘ၀ တည်းက

ကြောက်စိတ်ကို

သူငယ်ချင်းလို

ခင်တွယ်ခွင့်ရခဲ့တယ်။

 

လူကြီးတွေ ဖန်တီးထားတဲ့

အစစ်မဟုတ်တဲ့ လောကဘုံထဲမှာ

ဘ၀ သက်တမ်းရဲ့ သုံးပုံတစ်ပုံလောက်

ဖြုန်းတီး မိ ခဲ့တယ်။

 

အရာအားလုံးကို

အချိန်နဲ့ ထပ်တူ အချိုးညှိဖို့

ထိန်းကြောင်းခံရတိုင်း

အနှိုင်းခံ တခုကို သဲသဲမဲမဲဆုပ်ကိုင်ပြတတ်သေးတယ်။

 

ဘယ်သူ့ကိုမှ ရင်ဖွင့်မပြတတ်ခဲ့တဲ့ကောင်

အကျင့်တခုလိုဖြစ်ခဲ့တယ်။

အားငယ်စိတ်က အချိန်နဲ့အမျှ

ခြောက်လန့် ဖူးတယ်။

 

အညိုးအတေးနဲ့ အားငယ်စိတ်က

ယောကျာ်းတန်မဲ့ လက်သီးဆုပ်

မျက်ရည်လွယ်ခဲ့တာလည်း

အားနည်းချက်တခုဖြစ်ခဲ့ဖူးတယ်။

 

အစဉ်သဖြင့်

ဆုံးမပြဌာန်း ချက်တွေနဲ့

နားရည်ဝ နေတာ။

 

တဖြည်းဖြည်းနဲ့

အပြင်လောက ရဲ့ စိန်ခေါ်သံတွေကို

မိတ်ဆွေသဖွယ်

နှစ်သက်ခုန်မင်တတ်လာတယ်။

 

အဆိုးတွေကို ရင်ခုန်တတ်လာတယ်။

အကောင်းတွေကို ရွှံမုန်းလာတယ်။

 

ပင်ကို ကြောက်စိတ်ကို

တခုခုနဲ့ အစားထိုးပစ်ချင်တိုင်း

အလွဲအမှားတွေနဲ့ ယဉ်ပါးလာတယ်။

အရာတိုင်းကို လွယ်လွယ်နဲ့

လက်မခံတတ်တော့ဘူး။

 

အရာတိုင်းကို သံသယနဲ့

ကြည့်ဖို့ ကျွန်တော်ကို ပတ်ဝန်းကျင်က

ရာသက်ပန် တွန်းပို့ ပြစ်လိုက်ပြီ။

 

မိမိကိုယ် မိမိ ထိန်းကျောင်း

ရပ်တည်ရမယ်ဆိုတာကို

လိုတာထက်ပိုပြီး

ကျယ်ကျယ်လောင်လောင်

ရိုက်သွင်းခံခဲ့ရတဲ့ကောင်။

 

ပြောင်းလဲ ချင်နေတဲ့

လူတယောက်ရဲ့ စိတ်ကို

တွန်းအားပေးမယ့် ဒြပ်တူ ပစ္စည်းတခု

ဖောက်ထွက်ရန် အသင့်အနေအထား။

 

တိုက်စစ်ကတော့ ဖွင့်မိလျှက်သား

ထင်သလောက် ကျည်တွေ မစုထားမိဘူး။

 

ရန်သူရဲ့ သတ်ကွင်းမှာ

ဈေးကစားနေတဲ့ မြင်ကွင်းတခု

အဆုံးအစွန်ထိ တွေးပလိုက်တယ်။

 

ဒါပေမယ့်

 

ဗျူဟာ အမြောက်ဆုံး တိုက်စစ်တခုမှာ

အကောင်းဆုံး ခံစစ် ထိုးနိုင်ဖို့

မသင်ယူထားလိုက်မိဘူး။

 

 

FiйaL⎝⋋⏝⋌⎠mUtaTioй

20.3.2012 ( 3:28 pm)

In: ကဗျာ Posted By: Date: Mar 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment