Professional Authors

အပြောင်းအလဲများ

အပြောင်းအလဲများ

ချစ်ခြင်းနှင့် ဖွဲ့သီထားသော ပြောင်းလဲခြင်းများ
အမုန်းတရားနှင့် ရစ်နှောင်ထားသော ပြောင်းလဲခြင်းများ

စိုးစိတ်များနှင့် ရှောင်သွေလိုက်သော ပြောင်းလဲခြင်းများ
ကတိများနှင့် ချုပ်နှောင်ထားမိသော ပြောင်းလဲခြင်းများ

မသိလိုက် မသိဖာသာ ပြောင်းလဲခြင်းများ

လိုက်လျောညီထွေ ပြောင်းလဲခြင်းများ

အချိန်ကာလများကြောင့် ပြောင်းလဲခြင်းများ
အတွေ့အကြုံများကြောင့် ပြောင်းလဲခြင်းများ

လောကကိုလေ့လာရင်း ပြောင်းလဲခြင်းများ

လောကဓံတရားများကြောင့် ပြောင်းလဲခြင်းများ

အတွေးအခေါ်များကြောင့် ပြောင်းလဲခြင်းများ

ခံစားချက်များကြောင့် ပြောင်းလဲခြင်းများ
ဘ၀နှင့် ချီသော အပြောင်းအလဲများ……….

ဟိုးအဝေးမှ နွေဦးတေးသံ
တမ်းတနေမိပေမယ့်
ဆောင်းရက်ရှည်များရယ်
ခက်ခဲလွန်းလှသည်
ခက်ခဲလွန်းသည် ထင်သည်

ခက်ခဲလွန်းသည်ဟု ထင်ချင်နေမိသည်

ကြောက်စိတ်တို့သည် အပြောင်းအလဲကို မလက်ခံနိုင်ခြင်းလား…….
ဆောင်းနှင်းကိုပဲ မသိစိတ်က တမ်းတနေမိသည်လား…

တိုးတိတ်နာကျင်စွာနဲ့ ရွတ်ဆိုနေမိသည်…..

မည်သို့ပင် ပြောင်းလဲလာသည်ဖြစ်စေ…..
အပြောင်းအလဲများကို လက်ခံနိုင်စွမ်းရှိအောင်တော့ ကြိုးစားရပါဦးမည်…။

(ဂျွန်မိုးအိမ်)

In: ကဗျာ Posted By: Date: Jun 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment