Professional Authors

လူကြီးခေတ်

လူကြီးခေတ်

နေရာသာ ယူတတ်ပြီး တာဝန်မယူတတ်တဲ့
လူကြီးတွေ ခေတ်ဆိုတော့လည်းဗျာ
မျက်နှာပြောင်ပြောင်တွေ မြင်နေရတာ မဆန်းလှပါဘူး။ ။

အာဏာအသုံးချ လောဘစိတ်တွေတက်ကြတဲ့
လူကြီးတွေ ခေတ်ဆိုတော့လည်းဗျာ
အိုးမဲ့အိမ်မဲ့ဆိုတဲ့ စကားလုံး မဆန်းလှပါဘူး။ ။

အပြောကျယ်ပြီး အလုပ်မတွင်တဲ့
လူကြီးတွေ ခေတ်ဆိုတော့လည်းဗျာ
ဘာမှ သိပ်အသုံးမကျတာ မဆန်းလှပါဘူး။ ။

မဟုတ်တာကို အလုပ်ဖြစ်အောင် လုပ်နေတဲ့
လူကြီးတွေ ခေတ်ဆိုတော့လည်းဗျာ
အမှားများတာ မဆန်းလှပါဘူး။ ။

ရိုးသားတာကို အ တာလို့ မြင်ကြတဲ့
လူကြီးတွေ ခေတ်ဆိုတော့လည်းဗျာ
လူလိမ်တွေ ကြီးပွားတာ မဆန်းလှပါဘူး။ ။

တွေ့တော့ပြုံးပြုံး နောက်ကွယ်က ဓားနဲ့ထိုးတတ်တဲ့
လူကြီးတွေ ခေတ်ဆိုတော့လည်းဗျာ
ယုံကြည်ခြင်းတွေ အရောင်လွင့်သွားတာ မဆန်းလှပါဘူး။ ။

ရေရှည်မကြည့် ရေတို သူတို့ကောင်းစားရေးသာ ကြည့်တတ်တဲ့
လူကြီးတွေ ခေတ်ဆိုတော့လည်းဗျာ
လွင်တီးခေါင်တွေက မဆန်းလှပါဘူး။ ။

အမှန်တရားထက် ငွေမျက်နှာကြီးတတ်တဲ့
လူကြီးတွေ ခေတ်ဆိုတော့လည်းဗျာ
မတရားမှုတွေဆိုတာ မဆန်းလှပါဘူး။ ။

မရောင်ရာဆီလူး အာဏာရူးတဲ့
လူကြီးတွေ ခေတ်ဆိုတော့လည်းဗျာ
သူတို့တွေ အစိုးရကြတာ မဆန်းလှပါဘူး။ ။

In: ကဗျာ Posted By: Date: May 8, 2014
Comment #1

ရေးထားတဲ့ style က ရေလည်မိုက်တယ်..
ဖတ်သွားတယ်နော်…

Leave Comments

Name*

Email*
Website
Email me whenever there is new comment