အလွမ်းခရမ်းပြာ – နရီထက်
မွေးဖွားလာကတည်းက
အချစ်ဆိုတာ…
မေတ္တာဓါတ်နှင့် ပျိုးခဲ့တာပါ
သည်မိသားစုထဲ
ရောက်လာတာ
ငိုကတည်းက အတူနေဖို့ပါ
ရယ်တတ်အောင်
နေခဲ့တော့လည်း
အချိန်တွေကို ပေးကြာချင်ခဲ့တယ်
ငိုတတ်အောင်…
ရင်ထဲမှာ ပိုက်မိတော့လည်း
အချိန်တွေကို နောက်ပြန်လှည့်ကြည့်လိုကြတယ်
ခွဲခွာရမဲ့ အကြောင်းပေါ်လာရင်လည်း
ကံကြမ္မာက အချိန်နောက်မှာ
ရှိနေတတ်ကြတယ်
လမ်းခွဲဖို့ လမ်းလွဲစကားတွေ
ပြောနေချိန်မှာ…
ရင်ဘတ်ထဲကလည်း
နာရီလက်တံတွေ ထည့်ထားသလိုပဲ…
အလှအပတွေကြား…
ဘ၀အိပ်မောကျတော့လည်း
မနက်ဖြန်ဆိုတဲ့ အသိနိုးတစ်ဝက်မှာ
ပြန်ထပြီး အိပ်စက်ဖို့အတွက် နေရာယူခဲ့ကြတာပါပဲ
လှိုင်းထန်မှုများ ဘ၀တံပိုးလျှပ်တွေကြား
ထိုင်နေလို့လည်း မဖြစ်
ရပ်တန့်လို့လည်း မရဆိုတော့
လူတိုင်းက ခရီးဆက်နေကြတာပါပဲ
တော်တဲ့ လူတိုင်းကလည်း
အောင်မြင်မှုကို မရခဲ့ကြသလို
ညံသူတွေကလည်း အမှားတွေထဲမှာ
ဝဲရစ် မနေတတ်ခဲ့ကြပါဘူး
အလွမ်းကို ဖန်တီးဖို့
လူတိုင်းလူတိုင်းက သင်ကြားနေကြတယ်
အချိန်တိုင်းလည်း ပြန်နွေးနေကြတယ်
လူပေါင်းများစွာကလည်း အလွမ်းတွေနှင့်
ကျင်လည်နေကြတာ နေ့တိုင်းပါပဲ…
ခရမ်းပြာရောင်ခြည်တန်းတွေကလည်း
တစ်ယောက်စီ တစ်ယောက်စီဘေးနားမှာ
ကပ်ပါလိုက်နေကြတယ်
အလွမ်းတွေကို အရောင်စိုဖို့အတွက်လေး…။ ။
နရီထက်
(၁၇ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )
Comment #2
genius.jinx28
ကျေးဇူးတင်ပါသည်
ကိုနရီထက်
By: နရီထက် at Dec 17, 2010
Comment #4
တောင်ပံမဲ့လိပ်ပြာ ကို
ကျေးဇူးတင်ရှိသည်
ကိုနရီထက်
By: နရီထက် at Dec 17, 2010
Comment #5
(လမ်းခွဲဖို့ လမ်းလွဲစကားတွေ
ပြောနေချိန်မှာ…
ရင်ဘတ်ထဲကလည်း
နာရီလက်တံတွေ ထည့်ထားသလိုပဲ…)
အဲ့အပိုဒ်လေးကြိုက်တယ်အကိုကြီး
By: myintmo at Dec 17, 2010
Comment #6
(လမ်းခွဲဖို့ လမ်းလွဲစကားတွေ
ပြောနေချိန်မှာ…
ရင်ဘတ်ထဲကလည်း
နာရီလက်တံတွေ ထည့်ထားသလိုပဲ…)
အဲ့အပိုဒ်လေးကခံစားချက်နဲ့ တိုက်ဆိုင်လို့ လားမသိဘူးအရမ်းကြိုက်တယ်၊ကောင်းလည်းကောင်းတယ်။ကိုကြီး
By: 92icon at Dec 17, 2010
Comment #7
ညီမလေး မြင့်မိုရ်နှင့်
ညီလေး သူရတို့ကို ကျေးဇူးတင်ရှိသည်
By: နရီထက် at Dec 17, 2010
Comment #9
ဒီကဗျာသည် မလေးရှားနိုင်ငံတွင် ထုတ်ဝေသော အပြင်စီးမဂဇင်း 2011 မေလထုတ်တွင် ဖော်ပြခြင်းခံရသည်။
By: Nayihtet at May 6, 2011




Comment #1
အလွမ်းကို ဖန်တီးဖို့
လူတိုင်းလူတိုင်းက သင်ကြားနေကြတယ်
အချိန်တိုင်းလည်း ပြန်နွေးနေကြတယ်
လူပေါင်းများစွာကလည်း အလွမ်းတွေနှင့်
ကျင်လည်နေကြတာ နေ့တိုင်းပါပဲ…
ကောင်းတယ်ဗျာ…. န၇ီထက်