Professional Authors

အသက်ကယ်ဆေး – နရီထက်

သူတည်း ကောင်းဖို့
သူတစ်ယောက်စွန့်ရာတာ. . .
သူတစ်ယောက်ကောင်းဖို့
သူများတွေက စွန့်ပစ်ခံနေရတာ
ယုတ္တိဆန် မလွဲဧကန်မှန်လို့
တစ်ထောင့်တစ်ည ပုံပြင်တွေကို
ကျော်လွန်လာခဲ့တယ်။

အမေပြောတဲ့
အသန်မာဆုံးသားရိုင်းကျားတွေတောင်
တစ်ချိန်ကျရင် လေးဘက်ဝပ်ထွား
မာန်လျော့ကာ အားပျော့ခဲ့ရတယ်
အခုဟာက
စက်ရုပ်ကျားတယ်တဲ့ မေမေရေ
ဘက္ထရီကုန်ရင်တောင်
တာဗိုအား အပြင်းစားနှင့်
ထည့်သုံးအုန်းမှာတဲ့ မေမေ
ခြေကျိုးသွားရင်တောင်
ခြေဆက်ပေးမယ့်
မဟာမိတ်တွေကလည်း
အဆင်သင့်တဲ့ မေမေ
စက်အပိုပစ္စည်းတွေလည်း
အပို ထည့်ပေးလိုက်သေးတယ်
မေမေရဲ့. . .။

လူသားအတု ဖန်တီးဖို့
စက်ရုံတစ်ခုကိုလည်း တည်းခဲ့ကြတယ်
လူသားအစစ်တွေက အဖမ်းခံလို့
ဦးနှောက်နှင့် နှလုံးတွေကို
ပလတ်စတစ်ထုပ် ပါကင်လုပ်လို့
သူတို့ မျိုးဆက်တွေ အသက်ရှည်ဖို့
လူသားအစစ်တွေရဲ့ မျိုးရိုးဗီဇဆဲလ်တွေကို
လိုသလို အသုံးကျနေကြတယ် မေမေ
လူသားအစစ်တွေရဲ့ သွေး
နှလုံးသားနှင့်ဦးနှောက်တွေက
ဒီဂရီထိန်းချုပ်မှုအောက်က
အအေးအလုံခန်းထဲမှာ ပိတ်မိနေကြတုန်းပါ
မေမေ. . .။

တိုက်အလုံခန်းထဲမှာ
ပိုက်ဆံတစ်ထုပ်ထားလို့
လူစွမ်းကောင်းတွေကို
အသေအကျေ တိုက်ခိုက်ကြအောင်
မိုက်ကရိုဖုန်းတစ်ခုနှင့်
ထိန်းချုပ်မှုစနစ်တစ်ခုအောက်က
ကွန်ပြူတာထိန်း စကားသံက
ပြောပြောနေတယ် မေမေ
နောက်ဆုံးအသက်ကျန်ရစ်ခဲ့တဲ့သူက
အဲဒီ ပိုက်ဆံထုပ်ကို ရလို့
အသက်ချမ်းသာခွင့်ရမယ်တဲ့ မေမေ
သွေးစွန်းလောက်ပါပြီး မေမေရဲ့။

အသက်ကယ်ဆေးက
လူသားအစစ်တွေရဲ့ အသက်နှင့်
ချိန်းဆက်ထားတာတဲ့ မေမေ
လူသားအစစ်တွေ မျိုးတုံးတိုင်း
စက်ရုပ်ကျားက အသက်ပါဝါ
မြင့်တက်လာပြီး အသက်ရှုခွင့်ရတယ်တဲ့ မေမေ
အသက်ကယ်ဆေးရဲ့ တန်ဘိုး(တန်ခိုး)ကလည်း
မနည်းပါလား မေမေရဲ့
သြော်. . . အသက်ကယ်ဆေး
အသက်ကယ်ဆေး. . .
အသက်. . . ကယ်တဲ့ဆေး. . .
ကယ်နေရတုန်းပါလား မေမေရဲ့။     ။

နရီထက်
( ၂၇ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 27, 2010
Comment #1

လူသားအတု ဖန်တီးဖို့
စက်ရုံတစ်ခုကိုလည်း တည်းခဲ့ကြတယ်
လူသားအစစ်တွေက အဖမ်းခံလို့
ဦးနှောက်နှင့် နှလုံးတွေကို
ပလတ်စတစ်ထုပ် ပါကင်လုပ်လို့
သူတို့ မျိုးဆက်တွေ အသက်ရှည်ဖို့
လူသားအစစ်တွေရဲ့ မျိုးရိုးဗီဇဆဲလ်တွေကို
လိုသလို အသုံးကျနေကြတယ် မေမေ
လူသားအစစ်တွေရဲ့ သွေး
နှလုံးသားနှင့်ဦးနှောက်တွေက
ဒီဂရီထိန်းချုပ်မှုအောက်က
အအေးအလုံခန်းထဲမှာ ပိတ်မိနေကြတုန်းပါ
မေမေ. . .။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 13, 2011
Comment #2

လူသားအတု ဖန်တီးဖို့
စက်ရုံတစ်ခုကိုလည်း တည်းခဲ့ကြတယ်
လူသားအစစ်တွေက အဖမ်းခံလို့
ဦးနှောက်နှင့် နှလုံးတွေကို
ပလတ်စတစ်ထုပ် ပါကင်လုပ်လို့
သူတို့ မျိုးဆက်တွေ အသက်ရှည်ဖို့
လူသားအစစ်တွေရဲ့ မျိုးရိုးဗီဇဆဲလ်တွေကို
လိုသလို အသုံးကျနေကြတယ် မေမေ
လူသားအစစ်တွေရဲ့ သွေး
နှလုံးသားနှင့်ဦးနှောက်တွေက
ဒီဂရီထိန်းချုပ်မှုအောက်က
အအေးအလုံခန်းထဲမှာ ပိတ်မိနေကြတုန်းပါ
မေမေ. . .။
Like :):(

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment