Professional Authors

ရင်ဝဿန်မိုး

အရမ်းချစ်တယ်…(ယုံပါ)
အမှန်တရားကို ထီးဆောင်းပေးစရာ
မလိုမှန်းသိရင်
မင်းကိုညာဖို့ ထက်
ငါ့ကိုယ်ငါ့တောင် မညာနိုင်ခဲ့မှန်း
သိစေချင်တယ်…
စုန်းစုန်းမြုပ် ဒီနှလုံးသားတွေအတွက်
လေပြေတစ်ဝှေ့ လောက်နဲ့တော့
သာယာရတာ (ငါ) မဝလို့ ပါ…

ရင်၌ စူး၍ (ကျေးဇူးပြုပြီးမနှုတ်ပါနှင့်)
ချစ်ရသောချစ်သူ…
လိုအပ်တဲ့ အချိန် ဖြေဆေးကြွေးပါ (တဆိတ် ခွံပါ)
ကောက်ရိုးပုံစောင့်နံတဲ့
ပတ်ဝန်းကျင်ကဆွဲထုတ်
(ငါ့ဘဝရဲ့ )
ဘုရင်မလေးလုပ်ပါလေ…

ဒီရင်မှာ နွေ
အလွမ်းခြောက်တွေကြွေနေပြီ…
အချစ်တွေဝေတဲ့
သည်ကောင်ရဲ့ဆောင်းဟာ
မင်းတစ်ယောက်တည်းအတွက်ဆို
မင်းအေးချမ်းစေဖို့ အတွက်ဆို…
အဘယ်ကြောင့်ပါ လိမ့်…
အဘယ်သောကြောင့်ပါလိမ့်…
……………….
ကဲ…..”ဘာလို့လဲကွာ”…
…..
???

In: ကဗျာ Posted By: Date: Nov 28, 2010
Comment #1

ကောက်ရိုးပုံစောင့်နံတဲ့
ပတ်ဝန်းကျင်ကဆွဲထုတ်
(ငါ့ဘဝရဲ့ )
ဘုရင်မလေးလုပ်ပါလေ…

ဒီရင်မှာ နွေ
အလွမ်းခြောက်တွေကြွေနေပြီ…

အားပေးနေပါတယ် ကိုဇင်ရေ………….:)

commentinfo By: မိုးထက်အောင် at Nov 28, 2010
Comment #2

Good အားပေးတယ်အကို

commentinfo By: မုဆိုး at Nov 28, 2010
Comment #3

ကျေးဇူး အထူးတင်ပါတယ်အစ်ကို

commentinfo By: ကိုဇင် at Nov 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment